Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ စစ်ကောင်စီတပ်စွဲရာ ထွေအုပ်ရုံး PDF တိုက်ခိုက်

စစ်ကောင်စီ၏ ခမရ(၁၂၀)နှင့်တပ်မ (၃၃)တို့အား နံနက်စောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲမှာ မိနစ် ၄၀ခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

(ကောလင်းမြို့ ထွေအုပ်ရုံးအား မြေပုံမှ တဆင့်တွေ့ရစဉ်)
(ကောလင်းမြို့ ထွေအုပ်ရုံးအား မြေပုံမှ တဆင့်တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၅ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမာခံခြေကုပ်ယူထားသော ကောလင်းမြို့ ထွေအုပ်ရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီ၏ ခမရ(၁၂၀)နှင့်တပ်မ (၃၃)တို့အား နံနက်စောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲမှာ မိနစ် ၄၀ခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံး ပျက်စီးမှုရှိပြီး ထိခိုက်မှုများရှိဟု သိရကြောင်း၊ နာရေးကားများအဝင်အထွက်လုပ်နေပြီး ထွေအုပ်ရုံးနှင့် ဆေးရုံဝင်းနေရာများကို ပြင်ပလူ အဝင်၊အထွက် ပိတ်ပင်ထားသည်ဟု ကောလင်း PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆေးရုံမှ ဆရာ၊ ဆရာမများပင် ခေါ်ယူသည့်ဆရာဝန်နှင့် စစ်ကောင်စီ ဆေးတပ်သားမှအပ အခြားဝန်ထမ်းများ ဝင်ခွင့်မပြုဟု ဖော်ပြထားပြီး ထိခိုက် မှုအား သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဟု ထုတ်ပြန်သည်။

Kawlin Revolution၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ဩဂုတ် ၅ရက် နံနက်က ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို ကောလင်းခရိုင် PDFတပ်ရင်းများက တိုက်ခိုက်ခဲ့သည်ဟု ပါရှိသည်။

ရဲစခန်းတိုက်ခိုက်မှုတွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦး သေဆုံးပြီး ထိခိုက်သူ အချို့ရှိကြောင်းသိရသော်လည်း အတည်မပြုနိုင်ခြင်းမရှိသေးဟု အသိပေး ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကောလင်းမြို့ခံ အချို့နှင့် ကောလင်းဒေသတော်လှန်ရေးအင်အားစု အဖွဲ့အစည်း အချို့အားဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ကောလင်း PDFကမူ တိုက်ခိုက်ရေးကျည်များထပ်မံ စုဆောင်းနေကြောင်း အသိပေးထားပြီး အလှူရှင်အချို့ထံမှအကူအညီ လိုအပ်နေကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့