Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Facebook ခဏရပ်သွားတဲ့အချိန် ဒေါ်လာ ၆ ဘီလီယံလောက် ဆုံးရှုံးသွားတဲ့ ဇူကာဘာ့ဂ်

ဒီဂယက်ဟာ Facebook ကုမ္ပဏီအပေါ် စီးပွားရေး အရပါ ရိုက်ခတ်လာခဲ့ပါတယ်။ Facebookရဲ့ ရှယ်ယာ စျေးနှုန်းတွေက ၅ ရာခိုင်နှုန်း နီးပါးလောက် ရုတ်တရက် ကျဆင်းသွားပြီး ကုမ္ပဏီရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ဇူကာဘာ့ဂ် အနေနဲ့ ကိုယ်ပိုင် ငွေကြေးထဲက ဒေါ်လာ ၆ ဘီလီယံ နီးပါးလောက် လျော့သွားလိမ့်မယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။

Facebookနဲ့ ကုမ္ပဏီ လက်အောက်ခံ လူမှုကွန်ရက် မီဒီယာတချို့ ယာယီ ရပ်တန့်သွားတာနဲ့ ဆက်စပ်ပြီး ကုမ္ပဏီ အမှုဆောင်ချုပ် မတ်ခ်ဇူကာဘာ့ဂ်ရဲ့ ငွေကြေး ဒေါ်လာ ၆ ဘီလီယံ နီးပါးလောက် ဆုံးရှုံးသွားခဲ့ပါတယ်။

Facebookအပြင် ကုမ္ပဏီပိုင် Instagram၊ Whatsappတို့ပါ အောက်တိုဘာ ၄ ရက် ညပိုင်းက Offline ဖြစ်သွားတာကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အရင်ကလည်း ရှားပါး အခြေအနေအဖြစ် အဲဒီလို ကိစ္စမျိုး ကြုံခဲ့ဖူးပေမယ့် ဒီတစ်ကြိမ် Facebook၊ Instagramနဲ့ Whatsappတို့ Offline ဖြစ်သွားတာကတော့ အကြာဆုံးပါပဲ။ လူမှုကွန်ရက် သုံးစွဲသူတွေဟာ Facebook ပြန်ရဖို့ ၇ နာရီ ဝန်းကျင်လောက် စောင့်ခဲ့ရပါတယ်။

ဒီဂယက်ဟာ Facebook ကုမ္ပဏီအပေါ် စီးပွားရေး အရပါ ရိုက်ခတ်လာခဲ့ပါတယ်။ Facebookရဲ့ ရှယ်ယာ စျေးနှုန်းတွေက ၅ ရာခိုင်နှုန်း နီးပါးလောက် ရုတ်တရက် ကျဆင်းသွားပြီး ကုမ္ပဏီရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ဇူကာဘာ့ဂ် အနေနဲ့ ကိုယ်ပိုင် ငွေကြေးထဲက ဒေါ်လာ ၆ ဘီလီယံ နီးပါးလောက် လျော့သွားလိမ့်မယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။

Forbesက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့ ကြွယ်ဝမှုကို အချိန်နဲ့ တပြေးညီ ခန့်မှန်း ဖော်ပြရာမှာ ဇူကာဘာ့ဂ်ဟာ တစ်ဆင့်ကျပြီး ဆဋ္ဌမ နေရာကို ရောက်သွားပါတယ်။ လက်ရှိ အခြေအနေအရ ဇူကာဘာ့ဂ်ရဲ့ ကြွယ်ဝမှု တန်ဖိုးဟာ ဒေါ်လာ ၁၁၆.၈ ဘီလီယံလောက် ရှိမယ်လို့ Forbesက ခန့်မှန်းထားပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ စာရင်းမှာ အီလွန်မတ်စ်ခ်က ဒေါ်လာ ၂၀၁.၈ ဘီလီယံနဲ့ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Facebookဟာ Hackerတွေ လက်ချက် မိခဲ့တာဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် ကုမ္ပဏီဖက်ကတော့ Configuration အပြောင်းအလဲမှာ ရှုပ်ထွေး မှားယွင်းမှုတွေ ဖြစ်ခဲ့တာလို့သာ အကြောင်းပြထားပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့အတွက် အလေးအနက် တောင်းပန်ကြောင်း ကုမ္ပဏီရဲ့ နည်းပညာဌာန အကြီးအကဲ မိုက်ခ် ရှာရော့ဖ်ဖာက Twitterမှာ ရေးသားထားခဲ့ပါတယ်။

Facebookဟာ ပုဂ္ဂိုလ်ရေး လုံခြုံမှုတွေ ချိုးဖောက်ကြောင်း စွပ်စွဲမှုတွေ ကြုံနေရတဲ့ အချိန်မှာ အခုလို နောက်ထပ် ပြဿနာ တစ်ခု ထပ်တက်ခဲ့တာ ဖြစ်ပါတယ်။ Facebook ဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဖရန်ဆက်စ် ဟော်ဂန်က Facebook အနေနဲ့ လက်ရှိ သုံးစွဲနေတဲ့ Algorithmတွေကို ပြောင်းလဲလိုက်ရင် ပုဂ္ဂိုလ်ရေး လုံခြုံမှု ပိုကောင်းလာပေမယ့် သုံးစွဲသူတွေ Facebookအတွက် အချိန်ပေးနေတော လျော့သွားမယ်မှန်း သိနေကြောင်း၊ ငွေအရ နည်းသွားမှာ စိုးတဲ့အတွက် ကုမ္ပဏီက Algorithmတွေကို မပြောင်းကြောင်း ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။ Facebookဟာ လူ့အဖွဲ့အစည်းကို တစ်စစီ ဆွဲဖြဲနေသလိုပဲလို့လည်း ဟော်ဂန်က 60 minutes အစီအစဉ်မှာ ပြောကြားသွားပါတယ်။

Facebook အနေနဲ့တော့ စိတ်ပျက်စရာ သီတင်းပတ် တစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး လောလောဆယ်တော့ သုံးစွဲသူတွေရဲ့ ဒေါသနဲ့ ဝေဖန်မှုတွေကို ကြုံနေရပါတယ်။ အခုပြဿနာမှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှု အချက်အလက်တွေ ကျိုးပေါက်တာမျိုးတော့ မရှိခဲ့ဘူးလို့ Facebook တာဝန်ရှိသူတွေက ဖြေရှင်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။