Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် ဆေးခန်းလာပြသည့်သားအမိနှစ်ဦးကို စစ်တပ် သတ်ဖြတ်

စစ်ကောင်စီသတ်ဖြတ်ခဲ့သူများမှာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်သည်ဟု ၎င်းဆွေမျိုးကအတည်ပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)

ကလေးမြို့တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် နေမကောင်း၍ ဆေးခန်းလာပြသည့် သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

အသက်(၅၀)အရွယ် ဒေါ်ဟွေးအီယာန်နှင့်(၃၀)အရွယ် သားဖြစ်သူ ကိုစမြူအဲလ်တို့ကို ဩဂုတ် ၁၂ ရက်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း မျက်မြင်သက်သေများကပြောသည်။

(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)

“သူ့အမေနေမကောင်းလို့ သားဖြစ်သူက ကလေးမြို့ကို ဆေးခန်းပြဖို့သွားပို့တာ။ လမ်းမှ စစ်ကောင်စီတပ်နဲ့ တိုးပြီး သတ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ဒေသခံများက ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသတ်ဖြတ်ခဲ့သူများမှာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်သည်ဟု ၎င်းဆွေမျိုးကအတည်ပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်ကို ကလေးမြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားတွင် ဒေသခံကာကွယ်ရေးတပ်များက ဩဂုတ် ၁၁ရက်တွင် ဝင်ရောက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်က တစ်ဦးကျဆုံးခဲ့သည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ကျေးရွာဒေသခံ ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီးနောက် အထက်ပါသားမိနှစ်ဦးကို စက္ကန့်ရွာအဝင်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က စက္ကန့်ရွာကိုလည်း ဩဂုတ် ၁၂ ရက်က မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook