Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် ဆေးခန်းလာပြသည့်သားအမိနှစ်ဦးကို စစ်တပ် သတ်ဖြတ်

စစ်ကောင်စီသတ်ဖြတ်ခဲ့သူများမှာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်သည်ဟု ၎င်းဆွေမျိုးကအတည်ပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)

ကလေးမြို့တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် နေမကောင်း၍ ဆေးခန်းလာပြသည့် သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

အသက်(၅၀)အရွယ် ဒေါ်ဟွေးအီယာန်နှင့်(၃၀)အရွယ် သားဖြစ်သူ ကိုစမြူအဲလ်တို့ကို ဩဂုတ် ၁၂ ရက်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း မျက်မြင်သက်သေများကပြောသည်။

(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော သားအမိနှစ်ဦးအား တွေ့ရစဥ်)

“သူ့အမေနေမကောင်းလို့ သားဖြစ်သူက ကလေးမြို့ကို ဆေးခန်းပြဖို့သွားပို့တာ။ လမ်းမှ စစ်ကောင်စီတပ်နဲ့ တိုးပြီး သတ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ဒေသခံများက ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသတ်ဖြတ်ခဲ့သူများမှာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်သည်ဟု ၎င်းဆွေမျိုးကအတည်ပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်ကို ကလေးမြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားတွင် ဒေသခံကာကွယ်ရေးတပ်များက ဩဂုတ် ၁၁ရက်တွင် ဝင်ရောက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်က တစ်ဦးကျဆုံးခဲ့သည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ကျေးရွာဒေသခံ ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီးနောက် အထက်ပါသားမိနှစ်ဦးကို စက္ကန့်ရွာအဝင်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က စက္ကန့်ရွာကိုလည်း ဩဂုတ် ၁၂ ရက်က မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။