Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ

ကလေးမြို့အစွန်ရှိ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာအကြားတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကို ယနေ့ (ဩဂုတ် ၁၁ရက်) နံနက် ၇နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️ရပ်ကွက်နေအိမ်များကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို

စစ်ကိုင်းတိုင်း ကလေးမြို့ မြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြား စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ကလေးမြို့အစွန်ရှိ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာအကြားတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကို ယနေ့ (ဩဂုတ် ၁၁ရက်) နံနက် ၇နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“မနေ့က မြို့လှရပ်ကွက်မှာ စစ်ကောင်စီတပ်က စခန်းချပြီး ညအိပ်တာကို မနက်က ဝင်တိုက်ကြတာ နှစ်နာရီလောက်ကြာတိုက်ပွဲဖြစ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအပြီး နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားကျောင်းနှင့်လူနေအိမ်အချို့ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များကိုလည်းမီးရှို့သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာကြားရှိ ကျောက်ခွဲစက်မှ ကားတစ်စီးကိုလည်း မီးရှို့သွားကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မီးလောင်နေသည်နှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

တိုက်ခိုက်မှုကို ချင်းပြည်ကာကွယ်ရေးတပ်များဖြစ်သည့် CNDF ၊CDF-KKG နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင်တပ်ရင်း(၆)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံများမှာ ကလေးမြို့ပေါ်ကို တိမ်းရှောင်လာကြသည်ဟု ကလေးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။