Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံးကို ယနေ့ (သြဂုတ် ၂၂ရက်) နံနက်အစောပိုင်းက မီးရှို့ခဲ့ပြီး နံနက် ၉နာရီအချိန်ထိ မီးလောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

(တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံး စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်)
(တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံး စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းရှိ ပြည်သူလူထုနေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံးကို ယနေ့ (သြဂုတ် ၂၂ရက်) နံနက်အစောပိုင်းက မီးရှို့ခဲ့ပြီး နံနက် ၉နာရီအချိန်ထိ မီးလောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

“အဲဒီနေရာက တိုက်ပွဲရှိမနေဘူး။ဖြစ်နေတာက ငွေတောင်ရွာသစ်ဘက်မှာ။ဝေးတာပေါ့။ဒါပေမယ့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေတိုင်းက ပြည်သူလူထုဆိုတာလည်း ကြည့်တာမဟုတ်ဘူးလေ။ဒါမျိုးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ဖော်ပြတာပါ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တနီးလာလဲ ကျေးရွာတစ်ဝိုက် တိုက်ပွဲမှာ ယခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့ပြီး တပ်ရင်း သုံးရင်းဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးခဲ့ကာ ဇွန်လဆန်းပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တနီးလာလဲကျေးရွာအတွင်းနှင့် တောင်ပေါ်တစ်ကျောတို့တွင် စစ်ကောင်စီတပ်ဖွဲ့များမှာ လပေါင်းများစွာကြာ လက်ရှိအချိန်ထိ အထိုင်ချတပ်စွဲထားဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ၏ အိုးအိမ်များအား တစ်ဖက်သပ် ဖျက်ဆီး ၊ မီးရှို့ခြင်းများကို မကြာခန လုပ်​ဆောင်လျှက်ရှိကြောင်းလည်း KNDF က အသိပေးသည်။

ထို့အပြင် ဩဂုတ် ၁၂ ရက်က ဖရူဆိုမြို့ရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းကိုလည်း စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သေးသည်။

အာဏာသိမ်းစစ်တပ်က ကရင်နီပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦးများအပါအဝင် နေအိမ် ၁,၂၀၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အတူ စစ်ကောင်စီ၏ လေကြောင်း အပါအဝင်အကြမ်း ဖက်ထိုးစစ်ဆင်မှုကြောင့် ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၂၅၀,၀၀၀ အထိ ရှိကြောင်း ကရင်နီလူမှု အသင်အဖွဲ့ကွန်ရက်၏ စာရင်းများ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။