Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

တိုက်ပွဲပြန်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက သ​ပြေပန်းများဖြင့် ကြိုဆိုခဲ့​ကြ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)

မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှထွက်လာပြီး ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော အင်အား ၈၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၇ဦးထက်မနည်းသေဆုံးသွားကြောင်း ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း) ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်ကပြောသည်။

ထိုစစ်ကြောင်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကြောင်းမှ ဆားလင်းကြီးနယ်သို့ စတင်ကူးသန်းလာခြင်းဖြစ်သည်။ ထို့နောက် ဆားလင်းကြီးနယ်မှတဆင့် ဆက်လက်စစ်ကြောင်းထိုးရာ ပုလဲ၊ယင်းမာပင်၊ဆားလင်းကြီး သုံးမြို့နယ် အစပ်ရှိ လက်တောင်းငယ်ကျေးရွာအနီး၌ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်ကတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)

” စစ်​ေ-စစ်ကြောင်းက နားနေတာ။ အဲ့ဒါကို အီနာဂါနဲ့ ပစ်ပြီး ဝရုန်းသုန်းကားဖြစ်နေချိန်မှာ လေးဘက် လေးတန်ကနေ ဝိုင်းပစ်တာ။ကျတော်တို့ ဗျူဟာကောင်းသွားတယ်‌ ပြောရမယ်” ဟု ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း) ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်ကပြောသည်။

ထိုကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဇန်နဝါရီလ ၁၉ရက်တွင် ဝင်ရောက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခရိုင်ရင်း၏ ကွပ်ကဲမှုဖြင့်စစ်ဆင်ရေးဗျူဟာကို သေချာပြင်ဆင်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဟု ULFက ဆိုသည်။ တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခန့်ကြာမြင့်ခဲ့သည်ဟု ကိုဂျော်ဒန်ကပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)

” ၁၇ယောက်သေတယ်။ ဒဏ်ရာရတာတွေများတယ်။ ၃၀ လောက်ပဲ အကောင်းကျန်တယ်။ သူတို့ အလောင်းတွေ ပြန်ဆွဲပေမယ့်ကျန်ခဲ့တာတွေကျွန်တော်တို့ရလိုက်တယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်” ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။သို့​သော် ULF ထုတ်ပြန်ချက်တွင် စစ်သားအ​လောင်းအချို့၏ဓါတ်ပုံကိုပါ​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)

တိုက်ပွဲအတွင်း MA-3 တစ်လက်၊ RPG အဖူး ၄ ဖူး၊ 60 အဖူး ၄ ဖူး၊ 40 မမ ဗုန်းသီး ၁၅ လုံး၊ 5.56 ကျည် အတောင့် ၂၀၀၀ကျော် နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းULF ကအသိ​ပေးသည်။

တိုက်ပွဲတွင်ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော် ငါးဦးလည်း လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/ ​အောင်ပွဲရ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​ပြည်သူများကကြိုဆိုစဥ်။ဓါတ်ပုံ- ULF၊ Chaw Su Han)

တိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်းသို့ဝင်ရောက်သွားကြောင်းသိရသည်။

တိုက်ပွဲပြန်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက သ​ပြေပန်းများဖြင့် ကြိုဆိုခဲ့​ကြ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။