သတင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆားလင်းကြီးဒေသခံပြည်သူတွေ ဆန္ဒပြ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 29, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ ဆားလင်းကြီးနဲ့ ဂန့်ဂေါနယ်က ပြည်သူတွေ ဆန္ဒပြတောင်းဆို စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 26, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ ယင်းမာပင်နဲ့ဆားလင်းကြီးက ပြည်သူတွေ တောင်းဆို စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 9, 2026
သတင်း ဆားလင်းကြီးက ဝဲကြီးရွာဆိပ်ကမ်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နဲ့မိခင် ထိမှန်ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ချင်းတွင်းမြစ်ကမ်းဘေးမှာ “လူထုလှုပ်ရှားမှု” အရှိန်မြှင့်ဖို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ဒီကနေ့မှာ ပြည်သူတွေဆီ "လူထုလှုပ်ရှားမှု" ဆိုင်ရာ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။ ludunwayooမတ် 20, 2026
သတင်း ဆားလင်းကြီးမြို့နယ် ပကဖစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 15, 2026
သတင်း ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်တိုင် ကုမ္ပဏီတွေကို အရေးယူမယ်လို့ ဆားလင်းကြီး ပအဖ သတိပေး အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 11, 2026
သတင်း စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆားလင်းကြီးဒေသခံနဲ့ PDFတွေ ပူးပေါင်းပြုလုပ် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နဲ့ အာဏာရှင်တော်လှန်ရေး PDF အဖွဲ့တို့က စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း ဆားလင်းကြီးမှာ စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၅ရွာက ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်ရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။ ludunwayooနိုဝင်ဘာ 6, 2025
သတင်း စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တပ်ပေါင်းစုရဲ့ ဆိုင်ကယ်သပိတ် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ludunwayooစက်တင်ဘာ 21, 2025