Hi, what are you looking for?
ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)ခေါင်းဆောင်များဖြစ်သော စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းများကို Justice For Myanmarက ကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
ဆဏ်း/People’s Spring ရောင်နီအမည်ဖြင့် ဖျော်ဖြေပွဲများကို အမေရိကန်နိုင်ငံရှိမြို့များ၌ ပြုလုပ်မည်ဖြစ်ပြီး ပထမဆုံးပွဲကို Maryland မြို့၌ ပြုလုပ်မည်ဟု အဆိုတော် လင်းလင်းက အသိပေးထားသည်။ “ပထမဆုံးပွဲကတော့ လာမယ့် ဧပြီ ၁၂မှာ Maryland မြို့တွင် ကျင်းပပါမယ်”ဟု အဆိုတော်လင်းလင်းက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။ ရောင်နီ...
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျောက်ခွက်ရေနံမှော်အနောက်ဘက် ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။