Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်းကို စစ်ကောင်စီ ဘူဒိုဇာနှင့်ထိုးပြီး ဖြတ်ဆီး

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

မြို့ချောင်း-စိန်ကန့်လန့်လမ်း ကျောက်တံခါးမြို့နယ်ဘက်ခြမ်းနှင့် မင်းလှဘက်ခြမ်းနှစ်နေရာကို စစ်ကောင်စီတပ်က လမ်းများဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ

ဇူလိုင်-၅၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဝါးယားရွာအရှေ့ဘက် သိုက်မျှောင်ကုန်းအနီး မြို့ချောင်း-စိန့်ကန့်လန့်လမ်းပိုင်းကို စစ်တပ်က ဇူလိုင် ၁ ရက်နေ့တွင် ဘူဒိုဇာဖြင့်ထိုးကာ မြေတာ ၁၀ တောင်အရှည်ခန့်ဖြတ်တောက်လိုက်ခြင်းဟု​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မြို့ချောင်း-စိန်ကန့်လန့်လမ်း ကျောက်တံခါးမြို့နယ်ဘက်ခြမ်းနှင့် မင်းလှဘက်ခြမ်းနှစ်နေရာကို စစ်ကောင်စီတပ်က လမ်းများဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ

“PDF တွေ မြို့တွေပေါ်တက်လာမှာ ကြောက်နေတာ။ စခ တွေက ခလရ(၁)ကိုလည်း ဝင်သိမ်းမှာလည်း ကြောက်နေတယ်။ သူတို့ လမ်းလာဖျက်တော့သံချပ်ကာကား၃စီးနဲ့အင်အား၄၀၀ လောက်ပါတယ်”ဟု မင်းလှမြို့နယ် အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း နှစ်မိုင်ဂိတ်အနီးလမ်းပိုင်းကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်တွင် ဘူဒိုဇာဖြင့်ထိုးကာ ဖြတ်တောက်ခဲ့သည်။

စစ်ကောင်စီတပ်၏ လမ်းများဖြတ်တောက်နေသည့် လုပ်ရပ်များအပေါ် သေချာမသိရသော် လည်း ယင်းလမ်းပိုင်းကိုအသုံးပြု၍ ပဲခူးရိုးမကိုအမှီပြုက စားဝတ်နေရေးဖြေရှင်းနေရသော အခြေခံလူတန်းစားများအတွက် စိတ်မကောင်းဖြစ်မိကြောင်း မြို့ချောင်းမှသံဃာတော်တစ်ပါးကမိန့်ကြားသည်။

မင်းလှမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ရိုးမကိုအမှီပြု လုပ်ကိုင်စားရသူတွေအကုန်ခက်သွားပြီ။ ခုဆို မှိုတိုး မျှစ်တိုး အင်အုရှာ သူတွေလာမရတော့ဘူး။ သစ်ခုတ်ဝါးခုတ်သူတွေလည်း သွားလာရေးအဆင်မပြေတော့အ ခက်အခဲဖြစ်သွားပြီ။ ဆိုင်ကယ်တောင် စီးလို့မရတော့ဘူး”ဟုလမ်းပိုင်းဖြတ်တောက်ခံရသည့်နောက်ဆက်တွဲအခြေအနေကို ပြောသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပေါင်းတည်နှင့်ပေါက်ခေါင်းမြို့နယ်များရှိ ပဲခူးရိုးမဖြတ်လမ်းများကိုလည်း စစ်ကောင်စီတပ်က ဇွန်လနှောင်းပိုင်းနှင့် ယခုဇူလိုင်လဆန်းပိုင်းတွင် လမ်းများကိုဖြတ်တောက်ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။