Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုတ်တရက် ရေကြီးမှုတွေကြောင့် တက္ကဆက်စ်မှာ လူ ၁၃ ဦးသေ၊ ကလေး ၂၀ ပျောက်ဆုံးနေ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

The New York Times

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ ရေကြီးနေပြီး အဆိုးဆုံးဖြစ်တဲ့ ကားရ်ခရိုင်မှာတော့ သေဆုံးသူ ၁၃ ဦးထိ ရှိခဲ့ပါတယ်။ နောက်ပြီး ကလေး အယောက် ၂၀ လောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်သလို အသေအပျောက်စာရင်း ထပ်တိုးလာနိုင်တယ်လို့ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဒန်ပက်ထရစ်က ဆိုပါတယ်။

ရေကြီးမှုတွေကြောင့် ဇူလိုင် ၄ ရက်နေ့မှာ တက္ကဆက်စ် ပြည်နယ်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ခဲ့ရပါတယ်။

၄၅ မိနစ်အတွင်း ဂွာဒူလူပီ မြစ်ရေရဲ့ အမြင့်ဟာ ၂၆ ပေထိ မြင့်တက်လာကြောင်း၊ ဖျက်ဆီးအား ပြင်းထန်လှတဲ့ ရေကြီးမှုတွေဟာ အဆောက်အအုံတွေသာ မကဘဲ အဖိုးတန် လူ့အသက်တွေကိုပါ ပျက်စီး ဆုံးရှုံးစေခဲ့ကြောင်း ပက်ထရစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက ကလေးတွေ ၇၅၀ လောက် စုပြီး အပျော်တမ်း ရွက်ဖျင်တဲထိုး ခရီးထွက်နေတဲ့ နေရာတစ်ခုဟာလည်း အဓိက ရေကြီးတဲ့ ဇုန်နယ်မြေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကလေး ၂၀ လောက် ပျောက်ဆုံးနေပေမယ့် အဲဒီကလေးတွေကို လက်လွှတ်လိုက်ပြီလို့ လုံးဝ မဆိုလိုကြောင်း၊ ကလေးတွေဟာ တစ်နေရာရာမှာ အဆက်အသွယ် ပြတ်တောက်ပြီး ပိတ်မိနေတာမျိုး ဖြစ်နိုင်ကြောင်းလည်း ပက်ထရစ်က ဆက်ပြောပါတယ်။

သူက ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အရပ်သားတွေက သူတို့ပိုင်ဆိုင်တဲ့ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေနဲ့ ပူးပေါင်း ကူညီပေးကြတာကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပြီး လောလောဆယ်တော့ ကယ်ဆယ်ရေးအတွက် ပြင်ပ အကူအညီတွေ မလိုသေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကလေးတွေ ပျောက်ဆုံးနေတဲ့ နေရာတဝိုက်မှာ ရဟတ်ယာဉ် ၁၄ စီး၊ ဒရုန်း ၁၂ စီး၊ ကယ်ဆယ်ရေးအဖွဲ့ ၉ ခု၊ ရေကူးသမားတွေ အပါအဝင် လူ ၄၀၀ နဲ့ ၅၀၀ ကြားလောက် လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးကတော့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ညပိုင်းတောင်မှ မနားဘဲ အဆိုင်းတွေခွဲပြီး အလုပ်ဆက်လုပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ကားရ်ခရိုင် ရဲတပ်ဖွဲ့ကတော့ ရုတ်တရက် ရေကြီးလာမှုတွေကြောင့် လူတွေ သေခဲ့သလို ပျောက်ဆုံးသူတွေလည်း ရှိနေတယ်လို့ အတည်ပြုထားပါတယ်။ ပုံမှန်ဆိုရင် လပေါင်းအတော်ကြာ စုဆောင်းရမယ့် မိုးရေချိန်မျိုးက နာရီပိုင်းအတွင်း ရုတ်တရက် သည်းသည်းမည်းမည်း ရွာချရာက တက္ကဆက်စ်မှာ အခုလိုမျိုး ဆိုးဆိုးရွားရွား ရေကြီးတဲ့ အခြေအနေတွေ ကြုံလာရတာလို့လည်း သိရှိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။