Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ NUCCနှင့် NUG ပူးပေါင်းကော်မတီ ပန်ကြားလွှာပေးပို့

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ်ကုန်နှင့် ၂၀၂၆ ဇန်နဝါရီအတွင်း ကျင်းပသွားမည်ဟု ပြောဆိုထားသည်။ ဓာတ်ပုံ - CINCDS

ဇူလိုင်-၅၊ ၂၀၂၅။ People’s Spring

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တိို့၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီက ထုတ်ပြန်ခြင်းဖြစ်ပြီး ‘၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်သည်’ ဟူသော မူကို အခြေခံကိုင်စွဲကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်အုပ်စုက လုပ်တဲ့ အတုအယောင်တရားမဝင်ရွေးကောက်ပွဲကို အားလုံးဝိုင်းပြီး ညီညီညာညာနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ရာအတွက် ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခုက တော်လှန်ရေး အင်အားစုတွေကို ရည်ရွယ်တာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေကို အချိတ်အဆက်မိသလောက် အကုန်လုံးဆီကို တိုက်တွန်းနှိုးဆော်တဲ့ ကြေညာချက်ပေးပို့သွားမှာ ဖြစ်ပါတယ်။ NUCC ထဲမှာပါတဲ့ ERO တွေ၊ ဖက်ဒရယ်ကောင်စီတွေ၊ လူမျိုးအခြေပြုကောင်စီတွေကတော့ အားလုံးပါမှာ ဖြစ်ပါတယ်။ ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း အကုန် စုံနိုင်သမျှစုံအောင် ပေးပို့ပြီးတော့ အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြီးတော့ လက်တွဲလုပ်ဆောင်ကြဖို့ နှိုးဆော်သွားမှာပါ”ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများထံ ပေးပို့သော ပန်ကြားချက်တွင် အကြမ်းဖက်စစ်အုပ်စု အသက်ဆက်‌ အသာစီးရယူရေးနှင့် စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်းရေးကို ရည်ရွယ်ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင် ခြင်းများကို တော်လှန်ရေးသတိကြီးစွာဖြင့် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သားခိုင်မာသည့် သဘောထားရပ်တည်ချက်များဖြင့် အားလုံးအတူတကွ တုန့်ပြန် ဆန့်ကျင်သွားကြရန် စသည့် အချက်များ ပါဝင်ကြောင်း ထုတ်ပြန်သည်။

တိုင်းရင်းသားဒေသများအပါအဝင် တော်လှန်ရေးဒေသအသီးသီး၏ နယ်မြေများတွင် အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲများ လာရောက်စီစဉ်ကျင်းပခြင်း မပြုနိုင်ရေး အတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆန့်ကျင် တိုက်ဖျက်ကြရန်လည်း ပန်ကြားထားသည်။

ထို့အပြင် တရားမဝင်အတုအယောင်ရွေးကောက်ပွဲများကို လုံးဝကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း တနည်းနည်းဖြင့် တရားဝင်ထုတ်ပြန်ကြေညာရန် အထက်ပါပူးပေါင်းကော်မတီက တိုက်တွန်းသည်။

တော်လှန်ရေးဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး ရည်မှန်းချက်ပြည့်မြောက် အောင်မြင်သည်အထိ စုစည်းညီညွတ်စွာ အတူတကွ ဆက်လက်ချီတက်ကြရန် စသည့် အချက်များကို အထူးအလေးထား၍ ပန်ကြားခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။