Hi, what are you looking for?
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။
တပို့တွဲလပြည့်ကျော်တစ်ရက်နေ့ ဆောင်းမနက်ခင်းရဲ့ အေးစိမ့်နေတဲ့ရာသီဥတုကြားမှာပဲ ဖားကန့်မြို့မှာ လက်နက်ကြီးသံတွေဟာ အုန်းအုန်းထနေပါတယ်။ မခင်(အမည်လွှဲ)ဟာ ကြားနေရတဲ့အသံတွေကြောင့် ကျောင်းပို့ထားတဲ့ သူ့ကလေးလေးအတွက် စိုးရိမ်လာပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ သူ့ကလေးတက်နေတဲ့ ဖားကန့်မြို့ပေါ်က အထက်တန်းကျောင်းပေါ် လက်နက်ကြီးကျလို့တဲ့။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်လွှတ်တော်ရုံးကို ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတွေရှေ့မှာ အမျိုးသမီးတစ်ယောက် ပြာယာခပ်နေပါတယ်။ အာဏာသိမ်းလိုက်လို့ တစ်နိုင်ငံလုံး ထိတ်ထိတ်ပြာပြာနဲ့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေချိန်မှာ အဲဒီအမျိုးသမီးက သွက်လက်ချက်ချာဟန်အပြည့်နဲ့ မင်းအောင်လှိုင်ရှေ့မှာအလုပ်တွေအရမ်းလုပ်နေပါတယ်။