သတင်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပြီဟု ကလလတ ကြေညာမှု KNDF ဂုဏ်ပြုကြိုဆို KNDFအစ အမြူတေတပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း၊ KNDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF(ကလလတ)၏ ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေးခြင်း နှင့် အခြားသော စစ်ရေး/နိုင်ငံရေး အကူအညီများကို KNDF အနေဖြင့် ရရှိခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး ထောင်ဒဏ် ၁၀နှစ် မတရား ချမှတ်ခံရ မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ဘီးလင်းတံတားမိုင်းခွဲမှုနှင့် နောက်ဆက်တွဲတိုက်ခိုက်မှု စစ်ကောင်စီတပ် ၃၀ကျော်ထိခိုက်ဒဏ်ရာရဟု KNLA တပ်မှူးပြော ဇွန်လ ၂၈ရက် ညပိုင်းတွင် တံတားကို မိုင်းခွဲခဲ့ပြီး ဇွန်လ ၂၉ရက် နံနက်တွင် တံတားလာစစ်သည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်ကို လက်နက်ကြီးပစ်ခတ်၍ (၈)နှစ်အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူလေးဦး သေဆုံး ကျော်ဇေယျာရပ်ကွက်ရှိ ဦးသာထူး၏နေအိမ်နှင့် ဒေါ် ဇာခြည်ဦး၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးသာထူးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု ကောလင်းမြို့ခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ညနေခင်းသတင်းလွှာ ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဇူလိုင် 1, 2023
သတင်း အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ် ကန့်သတ်ခံရတဲ့ လမ်းမကြီးတွေဟာ ရန်ကုန် − မန္တလေးအမြန်လမ်း ၊ ရန်ကုန် − မန္တလေး လမ်းဟောင်း ၊ ရန်ကုန် − ဘားအံလမ်း ၊ ရန်ကုန် − မုတ္တမ နဲ့ ပဲခူး − စစ်တောင်းလမ်းပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ပခုက္ကူမြို့တွင် နာရေးအသင်းယာဥ်ဖြင့် လျှို့ဝှက်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအား PDF ရဲဘော်များ တိုက်ခိုက် မိုင်းသုံးလုံးတွဲဖြင့် နေရာနှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့သည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း မြိုင်နယ်တွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူနှင့်မပူးပေါင်းပါက နေအိမ်ချိတ်ပိတ်မည်ဟု ပကဖ သတိပေး မြိုင်မြို့ပေါ်တွင် စစ်ကောင်စီက ထိန်းသိမ်းထားနိုင်သော်လည်း ကျေးရွာများတွင်မူ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း မြိုင်နယ်ခံများက ပြောသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ကရင်နီတိုက်ပွဲ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ဟု စစ်ဘက်သတင်းရင်းမြစ်ပြော တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ LuduNwayOoဇူလိုင် 1, 2023