Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတံတားမိုင်းခွဲမှုနှင့် နောက်ဆက်တွဲတိုက်ခိုက်မှု စစ်ကောင်စီတပ် ၃၀ကျော်ထိခိုက်ဒဏ်ရာရဟု KNLA တပ်မှူးပြော

ဇွန်လ ၂၈ရက် ညပိုင်းတွင် တံတားကို မိုင်းခွဲခဲ့ပြီး ဇွန်လ ၂၉ရက် နံနက်တွင် တံတားလာစစ်သည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

(ဘီးလင်းမြိုနယ်ရှိ တံတားတစ်စီးကို ဇွန်လ၂၈ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြိုနယ်ရှိ တံတားတစ်စီးကို ဇွန်လ၂၈ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုနှင့် တံတားလာစစ်သည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ ၃၀ကျော်ရှိကြောင်း နယ်မြေခံ KNLA တပ်မှူးက ယနေ့ ညနေပိုင်းတွင် ပြောသည်။

ဇွန်လ ၂၈ရက် ညပိုင်းတွင် တံတားကို မိုင်းခွဲခဲ့ပြီး ဇွန်လ ၂၉ရက် နံနက်တွင် တံတားလာစစ်သည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

တံတားလာစစ်သည့်အဖွဲ့အား တိုက်ခိုက်ရာ အရာရှိအပါအဝင်သေဆုံးသူ နှစ်ဦးရှိပြီး ဒဏ်ရာရသူ ၃၀ကျော်ရှိကြောင်း ၎င်းက ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် ရဲ၊ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ အရာရှိများ ပါဝင်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“လမ်းပေါ် ဒဏ်ရာရ အုပ်စုအကူညီတောင်မရ။ ကားလေးတွေ ပြန်လှည့်ပြေး။ မိနစ် ၂၀ လောက် ငရဲလို ခံစားအော်ဟစ် တံတားနား။ တံတားကျိုးတာ မသိဘဲအရှိန်နဲ့ မောင်းဆင်း နှစ်စီး၊ တစ်စီးကျန် Wကား(လိုင်စင်မဲ့ကား) ကယ်ရီ။ သထုံမြို့သစ်ရဲစခန်းကပါတယ်။ နှစ်ကောင်ပွဲပြီး” ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

KNLA ပူးပေါင်းတပ်ဖွဲ့သည် ယမန်နေ့ (ဇွန်လ ၃၀ရက်)တွင်လည်း ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်များကို ထပ်မံတိုက်ခိုက်ခဲ့သေးသည်။ ဘီးလင်းမြို့နယ် အလူးကလေးရွာ အနီးတွင် ယမန်နေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ကားတစ်စီး ပျက်စီးပြီး ခုနစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း KNLA နယ်မြေခံတပ်မှူးကပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို KNLA၊ KRF၊PDF၊ ABSDF၊ ကျိုက်ထိုနှင့်ဘီးလင်းပကဖတပ်ဖွဲ့များ ပူးပေါင်းထားသည့် စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့ သံတံတားဂိတ်ရှိ စစ်ကောင်စီတပ်ကိုလည်း ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု