Connect with us

Hi, what are you looking for?

သတင်း

ငပြီကျွန်းပေါ်က စစ်တပ်ရဲ့ လက်ကျန်စစ်သားအားလုံးနီးပါးလက်နက်ချ

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

(ငပြီကျွန်း​ပေါ်မှာတိုက်ပွဲဝင်​နေတဲ့ AA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-မာရာယု )

အောက်တိုဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့အရှေ့ဘက် ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပြီးကျန်​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်ကျန်စစ်သားအားလုံးနီးပါးလက်နက်ချ အညံခံလိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်န့ကတည်းက ကြည်း၊ ရေ၊ လေအင်အားအလုံးအရင်းသုံးကာ ကမ်းတက်နိုင်ခဲ့တဲ့စစ်တပ်သား​တွေကိုအာရက္ခတပ်​တော်( AA)ကတိုက်ခိုက်ခဲ့တာ​ကြောင့် ဆယ်နဲ့ချီ​သေဆုံးပြီး၊ဆယ်နဲ့ချီလက်နက်ချခဲ့သလို ​နောက်ဆုံးကျန်​နေတဲ့ စစ်သား​တွေကို AA ကတိုက်ခိုက်တာမှာလက်နက်ချကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၅ ရက်နဲ့ ဒီနေ့ (အောက်တိုဘာ၂၆ ရက်)တိုက်ပွဲမှာ စစ်သားအားလုံးနီးပါးအလင်းဝင်ခဲ့ကြတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကူလည်းမရောက်၊ ရိက္ခာလည်းပြတ်တော့ အလင်းဝင်လာကြတာ။ မနေ့ကနဲ့ ဒီနေ့တိုက်ပွဲမှာ အလင်းဝင်တယ်။ ဒီနေ့မှာ ဝင်တာများတယ်။ဟိုတစ ဒီတစ လမ်းတွေပျောက်ပြီး ပတ်ပြေးနေတဲ့ကောင်တချို့တော့ ကျန်တယ်။အဲဒါတွေကိုလည်း ရှင်းလင်းရေး လုပ်နေကြတယ်” လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ​အောက်တိုဘာ ၂၆ ရက်မှာပြောပါတယ်။

တိုက်ပွဲအတွင်း စစ်သားအလောင်းအချို့ကိုလည်း ရရှိသလိုလက်နက်ချသူအရေအတွက်ကိုတော့မသိရ​သေးပါဘူး။

ပေါက်တောဒေသခံတဦးက ငပြီကျွန်းတိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ “ဒီနေ့အခြေအနေထူးတယ်ကြားတယ်။ မနေ့က မနက်အာရုဏ်လောက်ကတည်းကအဆက်မပြတ်ပစ်တယ်။ နေ့ခင်းလည်းတနေ့ခင်းလုံးလေယာဉ်တွေနဲ့လာချတယ်”လို့ပြောပါတယ်။

စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက် လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်းတက်ခဲ့တာဖြစ်ပြီး ကမ်း​​ပေါ်ကို စစ်သားဆယ်ချီတက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ကျွန်းပေါ်တိုက်ပွဲအတွင်း​သေဆုံးသူ၊လက်နက်ချသူများပြီးအထိနာတာကြောင့် အောက်တိုဘာ ၁၇ ရက်​နောက်ပိုင်း ဒုတိယအကြိမ် ကမ်းထပ်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါ​ပေမယ့် ဒီနေ့ထိကမ်းထပ်တက်နိုင်တာမရှိသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ကျွန်​ပေါ်က စစ်တပ်ဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးပြီး စစ်င်္ဘောတွေ၊ Speed boat တွေသုံးပြီး ငပြီကျွန်းပေါ် တက် နိုင်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ စစ်သင်္ဘောနှစ်စီးထက်မနည်း ထိမှန်ပျက်စီးကာ စစ်သားဆယ်ချီ သေဆုံးခဲ့ရ ပါတယ်။ဒါ့အပြင်အောက်တိုဘာ ၂၀ ရက် မှာလည်းကမ်းတက်ဖို့ ဆက်ကြိုးစားလာတာကြောင့် ကမ်းစပ်မှာ တိုက်ပွဲပြင်း ထန်ပြီး စစ်တပ်ဘက်က ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ Speed boat လေးစီး၊ အင်အား သုံးဆယ်ကျော်နဲ့ ကမ်းတက်ဖို့ကြိုးစားလာတာဖြစ်ပြီး ကမ်းတက်နိုင်ခဲ့ပေမယ့် အပေါ်မရောက်ဘဲ ကမ်းစပ်တိုက်ပွဲမှာပဲ စစ်ကြောင်းတခုလုံး ပါသွားခဲ့ရတာဖြစ်ပါတယ်။ကျွန်း​ပေါ်မှာကျန်​နေပြီး ငါးကန် ၊ပုဇွန်ကန်​တွေမှာ ပုန်း​နေတဲ့စစ်သား​တွေကို AA က ရက်အတန်ကြာမတိုက်ဘဲထားပြီးမှ ​အောက်တိုဘာ ၂၅ ၊၂၆ မှာအပြီးသတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။

ငပြီကျွန်း တိုက်ပွဲအတွင်း စစ်တပ် အတင်းအကြပ်ဖမ်းယူ၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအများအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းထားပြီး အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀၀ ဝန်းကျင်သေဆုံးကာ ၅၀ ထက်မနည်းလက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။တိုက်ပွဲ​တွေမှာ AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ကျဆုံးမှု​တွေရှိ​ပေမယ့်အနည်းငယ်ပဲရှိတယ်လို့ ​မြေပြင်စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။အာရက္ခတပ်တော်(AA)ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ပြီးကျွန်းပေါ်က စစ်တပ်ကို တိုက်ခိုက်နေသလိုစစ်တွေမြို့နယ်အတွင်းက စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ) အပါအဝင် အခြေစိုက် တပ်ရင်း၊ တပ်စခန်း တွေကို အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ် ဆို့ပြီး တိုက်ခိုက်နေပါတယ်။

စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်းသုံး ကမ်းတက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့ ဒကစတို့အနီးဆုံးထိ ချည်းကပ်ပြီး ထိုးစစ်အဟုန်မြှင့်လာခဲ့ တာဖြစ်ကာ အခုရပ်ပိုင်းမှာပဲ စစ်တွေမြို့နယ် အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်းတခုကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလကျော်ရှိပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။ တိုက်ပွဲ​တွေမှာစစ်တပ်က ​သေဆုံးသူ ရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။