Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ ဆီမီးသပိတ်လှုပ်ရှားမှုတွေ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ GSCB ၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်

အောက်တိုဘာ ၂၆၊၂၀၂၆။သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ တနေရာမှာ Yangon 4 Brothers_တော်လှန်ညီနောင် ၄ဖွဲ့ (Y4B) မှ ဦးဆောင်ပြီး ဘုံတို့ဆီမီးသပိတ် တစ်နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် “သွေးမြေကျခဲ့တဲ့ သစ္စာတရား ဆီမီးများနဲ့ သယ်ဆောင်သွား” ၊ “အာဏာရှင်မှန်သမျှ လောင်ကျွမ်းပါစေ”၊ “အမေစုနှင့်တကွ နိုင်/ကျဉ်းများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ” စာသားတွေနဲ့ မီးပုံပျံလွှတ်ကာ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ လူငယ်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး ၊ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး တို့အတွက် Free Her ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပြီး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဘုံတိုဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကို အောက်မေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့မှာ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့ သယ်ဆောင်သွား” ဆိုတဲ့ စာသားကို အသုံးပြုပြီး ဘုံတိုဆီမီးသပိတ်ဖြစ်စဉ်မှာ ကျဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က ဘုံတိုဆီမီးသပိတ် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူတွေကို ဆီမီးတိုင်နဲ့ စူပါအယ်လ်နီညိုဆိုင်ရာ လက်ကမ်းစာစောင်တွေ မျှဝေပေးခဲ့ပြီး ကျဆုံးရဲဘော်တွေနဲ့ ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုရဲဘော်တွေဟာ ဘုံတိုဆီမီးသပိတ်ဖြစ်စဉ်မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကို အောက်မေ့ဂုဏ်ပြုဖို့ တော်လှန်သီတင်းကျွတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

၂၀၂၅ သီတင်းကျွတ်လပြည့်နေ့က ဘုံတိုရွာမှာ ဆီမီးပူဇော်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်မှာ ကျဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုဖို့နဲ့ ဖြစ်စဉ်ကို မမေ့လျော့စေဖို့ ရည်ရွယ်ကာ အခုလို လှုပ်ရှားမှုတွေ ပူးပေါင်းပါဝင်ဖို့လည်း သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။