Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး ထောင်ဒဏ် ၁၀နှစ် မတရား ချမှတ်ခံရ

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ - YUESU
ဓာတ်ပုံ - YUESU

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဒုဥက္ကဌ ကိုထက်ပိုင်စိုးအား စစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်ကို ယမန်နေ့က ချမှတ်ခဲ့သည်။

ကိုထက်ပိုင်စိုးသည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၁ ရက်က ရန်ကုန်မြို့ သဃန်းကျွန်း လေးထောင့်ကန်လမ်းမပေါ်၌ သွားလာနေစဉ် မနွေးရတီတိုးနှင့်အတူ မတရားမဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးတင်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

” ကိုထက်ပိုင်စိုးက တရားရင်ဆိုင်ချိန်မှာလည်း ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခုလဲ တရားစွဲဆိုခံရချိန် တစ်နှစ်နဲ့ နှစ်လကျော်ကြာပြီးမှ အမိန့်ချမှတ်ခံရတာပါ။ သူ့ကို (ကိုထက်ပိုင်စိုး) အရပ်ဘက်တရားရုံးတွေမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် မတရား ချမှတ်ခဲ့တာပါ။ သူတို့တွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အပြင်မှာရှိနေတဲ့သူတွေက တော်လှန်ရေးကို ပိုအားစိုက်ပေးကြဖို့ လိုအပ်ပါတယ်” ဟု ကျောင်းသားလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်ကလည်း ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား စစ်ကောင်စီက ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် (၄)နှစ် ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။