Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူနှင့်မပူးပေါင်းပါ​က နေအိမ်ချိတ်ပိတ်မည်ဟု ပကဖ သတိပေး

မြိုင်မြို့ပေါ်တွင် စစ်ကောင်စီက ထိန်းသိမ်းထားနိုင်သော်လည်း ကျေးရွာများတွင်မူ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း မြိုင်နယ်ခံများက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ မတ်လအတွင်းက မြိုင်မြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းခဲ့စဥ်။ ဓာတ်ပုံ - Cj)
(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ မတ်လအတွင်းက မြိုင်မြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းခဲ့စဥ်။ ဓာတ်ပုံ - Cj)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပြည်သူနှင့်မပူးပေါင်းပါ​က ၎င်းတို့နေအိမ်ခြံဝင်းများအား ချိတ်ပိတ်မည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းခြင်းမရှိပါက ၎င်းတို့၏ နေအိမ်ခြံဝင်းများအား မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း၊ ချိတ်ပိတ်ခြင်းများအား ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိုင်(ပကဖ)က ကြေညာသည်။

“အဖွဲ့တွေက က​လေးတွေဖမ်းတာတို့၊ ခေါင်းဆောင်တွေဖမ်းတာတို့ ပါတီဝင်တွေဖမ်းတာတို့ အဲလိုမျိုးတွေရှိတယ်။ ဖမ်းပြီးရင် အိမ်တွေချိတ်ပိတ်တယ်။ သူတို့တွေက ချိတ်ပိတ်ထားတဲ့အိမ်တွေမှာ တက်နေကြတယ်။ သူတို့ CDM လုပ်ရင်လုပ်၊မလုပ်ဘူးဆိုရင် ချိတ်ပိတ်မယ်။ သူတို့ကိုသက်ရောက်မှုတစ်ခု ပြန်ပေးတာပါ။”ဟု ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါ လုပ်ငန်းများအား လာမည့် ဇူလိုင် ၁၅ ရက်အတွင်း နောက်ဆုံးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိုင်(ပကဖ)က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့ပေါ်တွင် စစ်ကောင်စီက ထိန်းသိမ်းထားနိုင်သော်လည်း ကျေးရွာများတွင်မူ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း မြိုင်နယ်ခံများက ပြောသည်။

“ပြည်သူ့စစ်ရွာတွေဆို အပြင်တောင်မထွက်ရဲဘူး။ သရက်ကွပြည်သူ့စစ်ရွာဆို ဆရာ၊ဆရာမတွေတောင် သွားပြီးစာမသင်ရဲဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၄၀၀ ကျော်ရှိပြီး မြို့နယ်အတွင်း နေအိမ်ခြံဝင်းနှင့်နေထိုင်သူ ၈၀ဝန်းကျင်ရှိကြောင်း၊ စစ်ကောင်စီကလည်း တော်လှန်ရေးတွင်ပါဝင်နေသူများ၏ မြိုင်မြို့ပေါ်ရှိ နေအိမ် ၁၀လုံးကျော်ကို ချိတ်ပိတ်ထားကြောင်း မြိုင်(ပကဖ)က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။