Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ရေးကိစ္စ ဥရောပ နိုင်ငံတွေနဲ့ ဆွေးနွေးနေ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - French MOD

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Wall Street Journal (WSJ)ရဲ့ သတင်းမှာတော့ ရုရှားက ဥရောပအပေါ် ပိုပြီး ရန်လိုလာတာ၊ အမေရိကန် အစိုးရက ဥရောပ လုံခြုံရေးနဲ့ ပတ်သက်ပြီး တာဝန်ယူပေးမှုတွေကနေ ဆုတ်ခွာလာတာတွေကြောင့် ပြင်သစ်ဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခု အနေနဲ့ ဥရောပကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ ပြင်ဆင်လာနေတယ်လို့ ဖော်ပြထားပါတယ်။ ပြင်သစ်ဟာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင်တွေထဲမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

လက်ရှိ ညှိနှိုင်းနေတဲ့ အစီအမံတွေမှာတော့ လိုအပ်လာတဲ့ ပြင်သစ်ရဲ့ နျူကလီးယား စစ်လက်နက်တွေ အသုံးပြု တိုက်ခိုက်တဲ့ စွမ်းရည်ကို ဖြန့်ကျက်ဖို့ ဥရောပ နိုင်ငံမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ၊ ဆက်သွယ်ရေး စနစ်တွေ၊ ကြိုတင် သတိပေး စနစ်တွေ၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေ တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။

ပြီးတော့ နျူကလီးယား လက်နက်တွေကို ကိုင်တွယ် အသုံးပြုနိုင်တဲ့ ပြင်သစ်ရဲ့ Rafale တိုက်လေယာဉ်တွေကို ဥရောပ တနံတလျားမှာ ဖြန့်ကျက်ထားဖို့လည်း ဆွေးနွေးနေပါတယ်။ အခုပရောဂျက်မှာ ဗြိတိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်နဲ့ ဒိန်းမတ်တို့လို နိုင်ငံတွေက မတူညီတဲ့ အတိုင်းအတာတွေနဲ့ ပူးပေါင်းထားကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ဟာလည်း နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကိုတော့ ရေငုပ်သင်္ဘောတွေမှာပဲ တပ်ဆင်ထားပါတယ်။ တစ်နည်းအားဖြင့် ဗြိတိန်ရဲ့ တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေကို အသုံးပြု တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။

ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်ကတော့ ငြိမ်းချမ်းနေတဲ့ ကာလတွေမှာ ဖင်လန်ဟာ နိုင်ငံပိုင်နက်ထဲ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားစေဖို့ လုံးဝ အစီအစဉ် မရှိကြောင်း၊ ဒါပေမဲ့ ရုရှားရဲ့ အခြေအနေကြောင့် မဟာဗျူဟာ ရှုထောင့်အရ ဖြစ်နိုင်ခြေ အားလုံးကိုလည်း ကြိုတင် သုံးသပ် ပြင်ဆင်ထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားဆီက ဒီဇယ်ဆီတွေ ဝယ်ယူဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ညှိနှိုင်း သဘောတူခဲ့တဲ့ အခြေအနေမျိုးတွေက ဥရောပ မဟာမိတ်တွေရဲ့ အမေရိကန်ရဲ့ အကာအကွယ်ပေးမှု အာမခံချက်အပေါ် ပိုပြီး စိုးရိမ်စိတ် ကြီးထွားလာစေပါတယ်။

ပြင်သစ် သမ္မတရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်သူ ရှာဗီးယား ချာတဲလ်ကတော့ ပြင်သစ်ရဲ့ နျူကလီးယား လက်နက်တွေ လွှမ်းခြုံပြီး ဥရောပကို အကာအကွယ်ပေးမယ့် အစီအမံဟာ အမေရိကန်ရဲ့ အစီအစဉ်တွေထက် ပိုပြီး တိုက်ရိုက်ကျလိမ့်မယ်လို့ ပြောပါတယ်။ အဓိက ကွာဟချက်ကတော့ အမေရိကန်လို မဟုတ်ဘဲ ပြင်သစ်ဟာ တခြားဥရောပ နိုင်ငံတွေနဲ့ ထိစပ်တည်ရှိနေတာ ဖြစ်ကြောင်း၊ တူညီတဲ့ ဒေသမှာ တည်ရှိနေပြီး ပြင်သစ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက စီးပွားရေးနဲ့ လူမှုရေး ထိစပ်မှုတွေကလည်း ပိုပြီး နီးစပ်မြဲမြံနေကြောင်း သူက မှတ်ချက်ပေးထားပါတယ်။

နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး အက်စ်ပန် ဘာ့သ် အိုက်ဒ်က ပြင်သစ်ဦးဆောင်မယ့် နျူကလီးယား လက်နက် ဖြန့်ကျက်မှုဟာ အမေရိကန်က ပေးထားတဲ့ လုံခြုံရေး အာမခံမှု နေရာကို အစားထိုးမယ့် အဓိပ္ပါယ် မဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အခုဆွေးနွေးမှုတွေဟာ ဘာကိုမှ အစားထိုးဖို့ မဟုတ်ကြောင်း၊ အမေရိကန်နဲ့ ရယူထားတဲ့ နျူကလီးယား လုံခြုံရေး အာမခံချက်တွေကို အားဖြည့်ဖို့အတွက်သာ နော်ဝေး အစိုးရ အနေနဲ့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။

WSJရဲ့ သတင်းမှာတော့ မာခရွန်ရဲ့ အစီအမံဟာ ပြင်သစ်နိုင်ငံရေး ရပ်ဝန်းတစ်ခုလုံးက လက်ခံတဲ့ အခြေအနေ ဖြစ်ဖို့ အရေးကြီးကြောင်း ထောက်ပြထားပါတယ်။ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ လက်ယာစွန်း ဝါဒီ မာရင်လီပန်းက ဒီကိစ္စကို ထောက်ခံသလား ဆိုတာက စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရေးမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ လီပန်းဟာ သမ္မတလောင်း နေရာမှာ ယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့မှာ တရားဝင် စာရင်းသွင်း မှတ်ပုံတင်ခဲ့ပါတယ်။

မာခရွန်ကတော့ ၅ နှစ်သက်တမ်း နှစ်ကြိမ်ဆက် တာဝန် ထမ်းဆောင်ပြီး ဖြစ်တာကြောင့် ဖွဲ့စည်းပုံ ဥပဒေအရ ၂၀၂၇ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။ ပြင်သစ် ဥပဒေမှာ သမ္မတ တစ်ဦးဟာ ၂ ကြိမ်ဆက်တိုက် တာဝန်ယူပြီးရင် ဆက်တိုက် ရွေးကောက်ပွဲ ဝင်ခွင့် မရတော့ဘူးလို့သာ သတ်မှတ်ထားတာကြောင့် ၂၀၃၂ ရွေးကောက်ပွဲ ကျရင်တော့ မာခရွန်က နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့် ရှိလာမှာပါ။ မာခရွန် ကိုယ်တိုင်ကတော့ သူ့ရဲ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ ပြောကြားထားပါတယ်။

ကိုးကား: WSJ

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်လအတွင်း လူပေါင်း ၃၄,၁၄၅ ဦး၊ အရင်နှစ် အလားတူလနဲ့ နှိုင်းယှဉ်ရင် ၃၉ ရာခိုင်နှုန်း လျော့ကျသွားတဲ့ အရေအတွက်၊ ဥရောပသမဂ္ဂ (EU) ရဲ့ ခိုလှုံခွင့် လျှောက်ထားမှုဆိုင်ရာ ဒီနောက်ဆုံး စာရင်းအင်းတွေကို ကြည့်လိုက်ရင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့် ပြဿနာဟာ လျော့ပါးလာနေပြီလို့ ထင်စရာ...

သတင်း

ဝက်ဘ်ဆိုက်တွေ ရေးဆွဲတည်ဆောက်တဲ့ PHP language modelမှာ ဆိုးရွားတဲ့ ယိုပေါက်တွေ ရှာတွေ့ခဲ့တဲ့နောက် ဥရောပ နိုင်ငံတွေရဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။