Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အလာစကာပြည်နယ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရင် ရလဒ်ကို ချက်ချင်း အတည်မပြုဖို့ တရားရုံးမှာ လျှောက်ထားခဲ့မှုအပေါ် ရှေ့နေချုပ် ကာကွယ်

လာမယ့် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ အထက်လွှတ်တော်နေရာ ယှဉ်ပြိုင်မှုမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီသာ အရေးနိမ့်ခဲ့ရင် ရွေးကောက်ပွဲ ရလဒ်ကို အတည်မပြုဘဲ ဆိုင်းငံ့ပေးထားဖို့ အမေရိကန် အစိုးရရဲ့ တရားရေးအရ တောင်းဆိုထားတဲ့ လုပ်ရပ်အပေါ် ရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

လာမယ့် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ အထက်လွှတ်တော်နေရာ ယှဉ်ပြိုင်မှုမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီသာ အရေးနိမ့်ခဲ့ရင် ရွေးကောက်ပွဲ ရလဒ်ကို အတည်မပြုဘဲ ဆိုင်းငံ့ပေးထားဖို့ အမေရိကန် အစိုးရရဲ့ တရားရေးအရ တောင်းဆိုထားတဲ့ လုပ်ရပ်အပေါ် ရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာ ရီပတ်ဘလစ်ကန် ပါတီအနေနဲ့ အထက်လွှတ်တော်တွင်း အင်အား အသာစီး ရမှုကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် အလာစကာပြည်နယ်မှာ အနိုင်ရဖို့က အထူးအရေးတကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သာ ရီပတ်ဘလစ်ကန် အမတ်က ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရင် နာမည်တူတွေ ရှုပ်ထွေးမှုကို ပြန်စိစစ်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ရလဒ်ကို တားဆီးထားပေးဖို့ တရားရေး ဝန်ကြီးဌာနက တရားရုံးမှာ လျှောက်ထား တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ရီပတ်ဘလစ်ကန် ပါတီက အရှုံးကို တွေးကြောက်ပြီး ကြိုတင်ကြံစည်မှု တစ်ခုအဖြစ် စွပ်စွဲမှုတွေ ရှိနေပေမယ့် တရားရေး ဝန်ကြီးလည်းဖြစ်တဲ့ ရှေ့နေချုပ် တော့ဒ်ဘလန့်ချ်ကတော့ အမှန်တကယ် လိုအပ်လို့ လုပ်ရတဲ့ ကိစ္စတစ်ခုလို့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကာကွယ် ပြောကြားခဲ့ပါတယ်။

ပြည်နယ်ရွေးကောက်ပွဲ ရလဒ်မှာ အခြေမလှ ဖြစ်မှာစိုးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အခုကိစ္စကို ကြိုတင်ပြင်ဆင်ထားတာလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့ အခါမှာတော့ ဘလန့်ချ်က ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ တရားရေး ဝန်ကြီးဌာနကတော့ လွှတ်တော်အမတ်နေရာ ရွေးကောက်မှုအတွက် နာမည်တူနှစ်ဦး ယှဉ်ပြိုင်ပြီး ရှုပ်ထွေးမှုတွေ ကြုံလာနိုင်တာကြောင့် အခုလို ပြင်ဆင်ထားတာလို့ အကြောင်းပြချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကျရင် အလာစကာ ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာအတွက် မဲပေးဖို့ ရွေးရမယ့်သူတွေ စာရင်းမှာ ဆူလီဗန်ဆိုတဲ့ နာမည်တူ နှစ်ဦး ပါရှိနေပါတယ်။ ပထမ တစ်ဦးကတော့ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု လက်ရှိအမတ် ဒန်ဆူလီဗန်ဖြစ်ပြီး သူ့ရဲ့ နေရာကို စိန်ခေါ်မယ့် သူတွေထဲမှာ တစ်သီး ပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မယ့် အငြိမ်းစား ကျောင်းဆရာ ဒန်နီရယ်လ် ဂျေ ဆူလီဗန်လည်း ပါဝင်နေပါတယ်။

ရီပတ်ဘလစ်ကန်တွေက ဒီကိစ္စဟာ အမတ်ဆူလီဗန်အတွက် မဲဆန္ဒရှင်တွေက ပေးမယ့်မဲတွေကို တခြားတစ်ဦးစီ မှားယွင်းပြီး ပေးမိအောင် ဒီမိုကရက်တစ် ပါတီရဲ့ ပူးပေါင်းကြံစည်မှုလို့ စွပ်စွဲနေပေမယ့် ကျောင်းဆရာဟောင်း ဆူလီဗန်ကတော့ သူ့သဘောနဲ့သူ ရွေးကောက်ပွဲ ဝင်တာလို့ တုံ့ပြန်ထားပါတယ်။ ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မယ့် သူကတော့ အောက်လွှတ်တော် အမတ်ဟောင်း မေရီ ပယ်တိုလာ ဖြစ်ပါတယ်။ ပယ်တိုလာနဲ့ ဆူလီဗန်တို့ အကြိတ်အနယ် အားပြိုင်ရမယ့် အခြေအနေမှာ ဆူလီဗန်ရဲ့ မဲတွေ လျော့သွားအောင်၊ အမှားအယွင်းဖြစ်ပြီး ဆုံးရှုံးသွားအောင် ကျောင်းဆရာဟောင်းက တမင် ဝင်ရှုပ်တာလို့ ရီပတ်ဘလစ်ကန်တွေက စွပ်စွဲထားတာ ဖြစ်ပါတယ်။

တရားရေး ဝန်ကြီးဌာနက တရားရုံးဆီ လျှောက်ထားရာမှာတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူနှစ်ဦး နာမည် ဆင်တူနေတာက မဲဆန္ဒရှင်တွေကြား ရှုပ်ထွေး ဝေဝါးမှုတွေ ကြုံတွေ့သွားစေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိအမတ် ဆူလီဗန်သာ အရေးနိမ့်ခဲ့ရင် ရွေးကောက်ပွဲ ရလဒ်ကို ချက်ချင်း အတည်ပြုတာမျိုး မလုပ်ဘဲ မဲတွေကို ပြန်စစ်ဆေးစေဖို့ တရားရေး ဌာနက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရှေ့နေချုပ် ဘလန့်ချ်ကတော့ ပြည်နယ်အဆင့် ရွေးကောက်ပွဲတစ်ခုကို သမ္မတက ခြယ်လှယ်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချသွားပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ မဲဆန္ဒရှင် ပြည်သူတွေအတွက် ရှုပ်ထွေးမှုတွေ ဖြစ်မလာအောင် ကြပ်မတ်ပေးဖို့ ပြည်နယ် အစိုးရ အသီးသီးမှာ တာဝန်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ကျောင်းဆရာဟောင်း ဆူလီဗန်က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ချိန် ကတည်းက ရီပတ်ဘလစ်ကန် ပါတီဖက်က ကန့်ကွက်ခဲ့ပေမယ့်လည်း ပြည်နယ် တရားရုံး တစ်ခုကရော၊ ပြည်နယ် တရားလွှတ်တော်ချုပ်ကပါ သူ့ရဲ့ ယှဉ်ပြိုင်မှုကို ခွင့်ပြုပေးခဲ့ပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ အဓိက နေရာယူနေပါတယ်။ အကြောင်းကတော့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုက အလွန် မြင့်မားလို့ပါပဲ။

နိုင်ငံတကာ

သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

မဲရေတွေမှုတွေ အားလုံး ပြီးစီးသွားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် ရွေးကောက်ပွဲမှာ ပါတီစွဲ မရှိတဲ့ ကြားပြည်နယ်၊ တစ်နည်းအားဖြင့် အဓိက ပါတီနှစ်ခု အပြိုင်မဲဆွယ် စည်းရုံးကြရာ ပြည်နယ် ၇ ခုစလုံးမှာ အနိုင်ရခဲ့ကြောင်း ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ ရေတွက်ပြီးသမျှ မဲအားလုံးရဲ့ အနေအထားအရ ထရမ့်ရရှိတဲ့ မဲအရေအတွက်ကလည်း ဟားရစ်ထက် သာလွန်နေတယ်လို့ ဆိုပါတယ်။