နိုင်ငံတကာ ပူတင်ဟာ ယူကရိန်း နယ်မြေတွေကို ရသမျှ သိမ်းယူနေဦးမယ်လို့ အမေရိကန် ထောက်လှမ်းရေး သတိပေး လူသူလက်နက်အင်အား အသာစီး ရထားတဲ့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ တဖြည်းဖြည်းချင်း ရှေ့တိုးပြီး ထိုးစစ်ဆင်လာနေပေမယ့် ယူကရိန်း ကာကွယ်ရေး တပ်တွေရဲ့ အားကောင်းတဲ့ ခုခံမှုတွေကြောင့် မျှော်လင့်သလောက်တော့ အောင်မြင်မှုတွေ မရဘဲ အခက်ကြုံနေဆဲ ဖြစ်ပါတယ်။ LuduNwayOoဇွန် 30, 2022
နိုင်ငံတကာ ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။ LuduNwayOoဇွန် 29, 2022
နိုင်ငံတကာ စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုလို့ ယူကရိန်း သမ္မတစွပ်စွဲ စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေ ထွက်ပေါ်လာခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဒါဟာ သေချာပေါက် စစ်ရာဇဝတ်မှုပဲလို့ စွပ်စွဲခဲ့ပါတယ်။ LuduNwayOoဇွန် 29, 2022
နိုင်ငံတကာ ဂျော်ဒန် ဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်ပြီး ၁၁ ဦးထက်မနည်း သေဆုံး အက်ကာဘာရဲ့ တောင်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက် အပန်းဖြေရာ ကမ်းခြေတစ်ခုကိုလည်း ယာယီ ပိတ်ထားပြီး ကမ်းခြေမှာ ရှိနေသူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ LuduNwayOoဇွန် 28, 2022
နိုင်ငံတကာ အမေရိကန်က စွန့်ပစ် လော်ရီကားကြီး တစ်စီးထဲမှာ ရွှေ့ပြောင်း အခြေချသူ အလောင်း ၅၀ နီးပါး ရှာတွေ့ ရီပတ်ဘလစ်ကန် ပါတီဝင် တစ်ဦးဖြစ်တဲ့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ဒီသေဆုံးမှုတွေဟာ ဒီမိုကရက် ပါတီဝင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စနက် မကင်းဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ မူဝါဒတွေကြောင့် နယ်ခြား စစ်ဆေးရေး အစီအမံတွေ လျော့ရဲသွားပြီး အခုလိုမျိုး... LuduNwayOoဇွန် 28, 2022
နိုင်ငံတကာ အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။ LuduNwayOoဇွန် 27, 2022
နိုင်ငံတကာ နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်တွေ ဘီလားရုစ်ကို ပေးပို့မယ်လို့ ပူတင်အတည်ပြု ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထားကို ရောက်နေပါတယ်။ LuduNwayOoဇွန် 26, 2022
နိုင်ငံတကာ နှာခေါင်းဝမှာ ဖျန်းပြီး သုံးရမယ့် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထိုင်းသိပ္ပံပညာရှင်တွေ တီထွင်နေ လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။ LuduNwayOoဇွန် 26, 2022
နိုင်ငံတကာ နော်ဝေးက နိုက်ကလပ်တစ်ခုမှာ အစုလိုက် ပစ်ခတ်မှုကြောင့် ၂ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ ဇွန် ၂၄ ရက်က ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ယောက် အတည်ပြု စာရင်းရထားပြီး ၁၄ ယောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း ရဲတွေက ပြောပါတယ်။ ဒဏ်ရာရသူ တချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။ LuduNwayOoဇွန် 25, 2022
နိုင်ငံတကာ ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ပြီး ၁ နှစ်အတွင်း လူ့အသက် သန်း ၂၀ လောက် ကယ်တင်နိုင်ခဲ့ စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။ LuduNwayOoဇွန် 24, 2022