Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ လေယာဉ်ငယ်တစ်စီး မီးတောင်ကို ဝင်တိုက်၊ ပျောက်ဆုံးနေသူ ၄ ဦးကို ဖြန့်ကျက်ရှာဖွေနေ

မြေပြင်မှာ ကယ်ဆယ်ရေး အဖွဲ့က ဖြန့်ကျက် ရှာဖွေနေသလို ဖေဖော်ဝါရီ ၂၀ မှာ မီးတောင်တဝိုက် လေကြောင်းကနေ ထောက်လှမ်း ရှာဖွေမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။

ဖိလစ်ပိုင်မှာ လေယာဉ်ငယ်တစ်စီး မီးတောင်ကို ဝင်တိုက်၊ ပျောက်ဆုံးနေသူ ၄ ဦးကို ဖြန့်ကျက်ရှာဖွေနေ
ဖိလစ်ပိုင်မှာ လေယာဉ်ငယ်တစ်စီး မီးတောင်ကို ဝင်တိုက်၊ ပျောက်ဆုံးနေသူ ၄ ဦးကို ဖြန့်ကျက်ရှာဖွေနေ

ဖိလစ်ပိုင် နိုင်ငံမှာ လေယာဉ်ငယ်တစ်စီး မီးတောင်ကို ဝင်တိုက်ခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က လေယာဉ်ငယ် တစ်စီးဟာ ပျက်ကျသွားတယ်လို့ ယူဆရတဲ့ အခြေအနေမှာ မီးတောင်ရှင် တစ်ခုရဲ့ တောင်စောင်းကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပေမယ့် လိုက်ပါသွားသူ ၄ ဦးရဲ့ ကံကြမ္မာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ ခရီးသည်တွေရဲ့ အခြေအနေ မကောင်းနိုင်လောက်ဘူးလို့ ဝန်ခံထားပါတယ်။

Cessna 340 အမျိုးအစား လေယာဉ်ပေါ် လိုက်ပါသွားသူတွေထဲမှာ ဩစတြေးလျ စွမ်းအင်ကုမ္ပဏီ Santosရဲ့ အမှုထမ်းဟောင်း နှစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ နိုင်ငံအလယ်ပိုင်းက အယ်လ်ဘေ ဒေသမှာရှိတဲ့ ဘီကိုလ် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ပြီး မကြာခင်မှာပဲ ကီလိုမီတာ အနည်းငယ် အကွာက မေယွန် မီးတောင်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ မူလက မနီလာ မြို့တော်ဆီ ဦးတည် ပျံသန်းဖို့ ရည်ရွယ်ထားတာပါ။

လေယာဉ် ဝင်တိုက်ခဲ့တဲ့ နေရာဟာ ပေ ၆၀၀၀ လောက်မြင့်ပြီး အရမ်းမတ်စောက်တဲ့ အနေအထား ဖြစ်တာကြောင့် ကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အနံ့ခံဖို့ အထူးလေ့ကျင့်ပေးထားတဲ့ ခွေးတွေကိုပါ ခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

မျှော်လင့်ချက် သိပ်မရှိပေမယ့် ခရီးသည်တွေ အသက်ရှင် ကျန်နိုင်သေးတဲ့ အလားအလာကိုလည်း သေချာပေါက် ထည့်တွက်ထားမှာ ဖြစ်တယ်လို့ အယ်လ်ဘေခရိုင် ကယ်ဆယ်ရေးဌာန အရာရှိ စီဒရစ် ဒေရပ်က ပြောပါတယ်။

မြေပြင်မှာ ကယ်ဆယ်ရေး အဖွဲ့က ဖြန့်ကျက် ရှာဖွေနေသလို ဖေဖော်ဝါရီ ၂၀ မှာ မီးတောင်တဝိုက် လေကြောင်းကနေ ထောက်လှမ်း ရှာဖွေမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။

သီးခြား ဖြစ်စဉ် တစ်ခုအနေနဲ့ ပြီးခဲ့တဲ့လက မနီလာမြို့တော်နားက ဘာတန် ဒေသမှာ လေ့ကျင့်ပျံသန်းမှု မစ်ရှင်တစ်ခုအတွင်း SF260 Marchetti အမျိုးအစား လေယာဉ်တစ်စီး လယ်ကွင်းထဲ ပျက်ကျရာက လေတပ်ရဲ့ ပိုင်းလော့နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။