Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ လူနေရပ်ကွက်တွေထဲ ၆ နာရီကြာ လျှောက်သွားနေခဲ့တဲ့ အိမ်မွေးကျားသစ်

သူဟာ လူနေ ရပ်ကွက်တွေထဲမှာ ၆ နာရီလောက်ကြာအောင် လှည့်ပတ် သွားလာနေပြီးမှ အစ္စလာမ်မာဘတ် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဘုတ်အဖွဲ့ တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

ပါကစ္စတန်မှာ လူနေရပ်ကွက်တွေထဲ ၆ နာရီကြာ လျှောက်သွားနေခဲ့တဲ့ အိမ်မွေးကျားသစ်
ပါကစ္စတန်မှာ လူနေရပ်ကွက်တွေထဲ ၆ နာရီကြာ လျှောက်သွားနေခဲ့တဲ့ အိမ်မွေးကျားသစ်

ပါကစ္စတန်မှာ အိမ်မွေး ကျားသစ်တစ်ကောင် လူနေရပ်ကွက်တွေထဲ လျှောက်သွားနေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က မြို့တော် အစ္စလာမ်မာဘတ်မှာရှိတဲ့ နေအိမ်တစ်ခုမှာ မွေးမြူထားတဲ့ ကျားသစ်တစ်ကောင် လွတ်မြောက်သွားခဲ့တာပါ။ သန်မာနုပျိုတဲ့ ကျားသစ် ထီးလေးဟာ မြို့ထဲမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် အစွမ်းပြခဲ့ပြီးမှ အာဏာပိုင်တွေက သူ့ကို မေ့ဆေး သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ အဲဒီ ကျားသစ်ဟာ လူတစ်ယောက်ကို ဝင်တိုက်သွားတာ၊ ကားတွေကြား လျှောက်ပြေးနေတာ၊ ပန်းဥယျာဉ် ခြံစည်းရိုး တစ်ခုကို ခုန်ကျော်သွားတာတွေကို တွေ့ခဲ့ရပါတယ်။ သူဟာ လူနေ ရပ်ကွက်တွေထဲမှာ ၆ နာရီလောက်ကြာအောင် လှည့်ပတ် သွားလာနေပြီးမှ အစ္စလာမ်မာဘတ် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဘုတ်အဖွဲ့ တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အိမ်မွေး တိရစ္ဆာန် မဟုတ်တဲ့ နို့တိုက်သတ္တဝါတွေ အများအပြား တင်သွင်း သားဖောက်မှုတွေကြောင့် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး တာဝန်ရှိသူတွေ အကြီးအကျယ် အကျပ်ရိုက်ရတဲ့အတွက် အစိုးရက အဲဒီလို သတ္တဝါတွေ တင်သွင်းမှုကို တားမြစ်ထားပါတယ်။ ဒါပေမဲ့ ကျားသစ်လိုမျိုး ကြောင်အကြီးစားမျိုးနွယ် တိရစ္ဆာန်တွေကိုတော့ ပါကစ္စတန်က လူကုံထံတွေဟာ ချမ်းသာကြွယ်ဝမှုနဲ့ ဩဇာကြီးမားမှုရဲ့ သင်္ကေတ တစ်ခုအဖြစ် သဘောထား မွေးမြူနေကြဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စလာမ်မာဘတ်မှာ ကျားသစ် လွတ်မြောက်သွားတဲ့ ဖြစ်စဉ်အတွင်း လူလေးဦး ပွန်းပဲ့ ဒဏ်ရာ အနည်းအကျဉ်းလောက်စီ ရခဲ့ကြပါတယ်။ ဒါပေမဲ့ ကျားသစ်က တိုက်ရိုက် ရန်မူ တိုက်ခိုက်တာမျိုးကြောင့်တော မဟုတ်ပါဘူး။ ကျားသစ်ကို မေ့ဆေးနဲ့ ပစ်ဖမ်းပြီးတဲ့နောက် တိရစ္ဆာန်တွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်ကြောင့် ပိတ်သိမ်းထားရတဲ့ မြို့တော် တိရစ္ဆာန်ရုံ နေရာဆီ ခေါ်သွားပြီး ယာယီ ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် အဲဒီနေရာမှာ လပိုင်းအတွင်း တာဝန်ရှိသူတွေက ကယ်ဆယ် ရွှေ့ပြောင်းပေးထားတဲ့ ဝက်ဝံညိုတစ်ကောင်၊ ကျားတစ်ကောင်၊ မျောက်တချို့နဲ့အတူ အဲဒီကျားသစ်ကို ထိန်းသိမ်းထားပါတယ်။ ဒီအတောအတွင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ကျားသစ်ရဲ့ ပိုင်ရှင်ကို စုံစမ်း ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။