Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောမီးလောင်တာ၊ လေထုညစ်ညမ်းတာတွေကို တားဆီးဖို့ ထိုင်းမှာ ၃ လ မီးမရှို့ရ အမိန့်ထုတ်

ထိုင်းရဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှု ထိန်းချုပ်ရေး ဌာနက နိုင်ငံမြောက်ပိုင်း ဒေသတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ လေထု ညစ်ညမ်းမှုတွေကို ကြုံရမယ်လို့ ခန့်မှန်းထားပြီး အနည်းဆုံး အခုသီတင်းပတ်ကုန်ထိ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်ရမယ်လို့ ပြောကြားထားပါတယ်။

တောမီးလောင်တာ၊ လေထုညစ်ညမ်းတာတွေကို တားဆီးဖို့ ထိုင်းမှာ ၃ လ မီးမရှို့ရ အမိန့်ထုတ်
တောမီးလောင်တာ၊ လေထုညစ်ညမ်းတာတွေကို တားဆီးဖို့ ထိုင်းမှာ ၃ လ မီးမရှို့ရ အမိန့်ထုတ်

တောမီး လောင်ကျွမ်းမှုတွေနဲ့ မီးခိုးမြူထမှုတွေကို ရှောင်ရှားဖို့အတွက် ထိုင်းအစိုးရဟာ ၃ လ မီးမရှို့ရ အမိန့်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က စတင် အသက်ဝင်ခဲ့တဲ့ စည်းမျဉ်းဟာ ဧပြီလကုန်ထိ သက်တမ်း ကြာမြင့်နေမယ်လို့ ဆိုပါတယ်။ ၃ လကြာ ကာလအတွင်း ထိုင်းက နေရာအများစုမှာ အမှိုက်မီးရှို့တာ၊ လယ်တောက ရိုးပြတ်တွေကို မီးရှို့တာမျိုးတွေ အားလုံးကို တားမြစ်ထားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ အနူချာ ဘူရာပါချိုင်ဆရီက ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာဟာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး အနေနဲ့ တောမီးလောင်မှု၊ မီးခိုးမြူ ဖြစ်ပေါ်မှုတွေကို ဟန့်တား ကာကွယ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ၊ အစီအမံတွေ ပြုလုပ်ကြဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

တောမီးကြောင့် သဘာဝ ပတ်ဝန်းကျင်၊ စိုက်ပျိုးမြေတွေနဲ့ ပြည်သူပိုင်ပစ္စည်း ပျက်စီးမှုတွေ မဖြစ်အောင် တားဆီးဖို့ လိုအပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပြန်လည် စိစစ် သုံးသပ်မှုတွေ လုပ်ဆောင်ဖို့လည်း ဝန်ကြီးချုပ်က တိုက်ရိုက် အမိန့်ပေးထားကြောင်း အနူချာက ဆိုတယ်။ နောက်ပြီး ထိုင်းအစိုးရဟာ လေထုထဲမှာ PM2.5 ဖွဲ့စည်း ပါဝင်မှုကို လျှော့ချနိုင်ဖို့ပါ ရည်ရွယ် ပြင်ဆင်နေတယ်လို့ သူက အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

PM2.5 ဆိုတာဟာ ညစ်ညမ်းလေထုထဲမှာ အဓိက တွေ့ရတဲ့ အဆိပ်အတောက် အမှုန်အမွှားတွေကို ဆိုလိုတာပါ။ ရာသီဥတု အေးမြတဲ့ ကာလမျိုးမှာ မြူခိုးတွေနဲ့ မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ မီးခိုးမြူတွေထဲမှာ အဲဒီ အမှုန်အမွှားတွေ အဓိက ပါဝင်ပါတယ်။

အခြေအနေ အရပ်ရပ်ကို ခြုံငုံ သုံးသပ်ပြီးတဲ့နောက် ဝန်ကြီးချုပ်ဟာ မီးမရှို့ရ ကာလကို ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ထိ သတ်မှတ်ခဲ့ကြောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း အသီးသီးက အဲဒီ စည်းမျဉ်းကို လိုက်နာကြဖို့ အစိုးရ အနေနဲ့ မျှော်လင့်ပြီး ဖောက်ဖျက်သူတွေကိုလည်း အရေးယူသွားမယ်လို့ အနူချာက သတိပေးခဲ့ပါတယ်။

ထိုင်းရဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှု ထိန်းချုပ်ရေး ဌာနက နိုင်ငံမြောက်ပိုင်း ဒေသတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ လေထု ညစ်ညမ်းမှုတွေကို ကြုံရမယ်လို့ ခန့်မှန်းထားပြီး အနည်းဆုံး အခုသီတင်းပတ်ကုန်ထိ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်ရမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။