Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေ့ပြောင်း ဒုက္ခသည်တွေ လိုက်ပါလာတဲ့လှေ အီတလီ ကမ်းလွန်မှာ နစ်မြုပ်ပြီး ၄၀ ကျော်သေဆုံး

စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ရင် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးသွားသူ ၂ သောင်းကျော်ထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေ လိုက်ပါလာတဲ့လှေ အီတလီ ကမ်းလွန်မှာ နစ်မြုပ်ပြီး ၄၀ ကျော်သေဆုံး
ရွှေ့ပြောင်း ဒုက္ခသည်တွေ လိုက်ပါလာတဲ့လှေ အီတလီ ကမ်းလွန်မှာ နစ်မြုပ်ပြီး ၄၀ ကျော်သေဆုံး

အီတလီ ကမ်းလွန်မှာ ရွှေ့ပြောင်း ဒုက္ခသည်တွေကို မဆံ့မပြဲ တင်ဆောင်လာတဲ့ လှေတစ်စီး တိမ်းမှောက် နစ်မြုပ်ရာက လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ်ကုန်၊ အီတလီ တောင်ပိုင်းက မြေထဲပင်လယ်ထဲမှာ လှိုင်းလေ ပြင်းထန်နေတုန်း လူပေါင်း ၁၀၀ ကျော်လောက် ပြွတ်သိပ် လိုက်ပါလာတဲ့ လှေက နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အီတလီပိုင် ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ခရိုတိုနီနားမှာ လှေနစ်ခဲ့တဲ့နောက် အပန်းဖြေ ကမ်းခြေတွေ အပါအဝင် မြို့နားတဝိုက်က ကမ်းခြေတွေမှာ အလောင်းတော်တော်များများ ရေမျောပြီး လာတင်နေခဲ့တယ်လို့ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် တစ်ယောက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ လူပေါင်း ၈၀ ဝန်းကျင်လောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖရိတိုက်မှာ ဆင်းရဲနွမ်းပါးမှု၊ ဒေသတွင်း မတည်ငြိမ်မှုနဲ့ တခြား အကျပ်အတည်းတွေကြောင့် နှစ်စဉ် ရွှေ့ပြောင်း ဒုက္ခသည် အမြောက်အမြားဟာ မြေထဲပင်လယ်ကို စွန့်စား ဖြတ်ကျော်ပြီး အီတလီကနေတဆင့် ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အဲဒီ ခရီးစဉ်ဟာ အန္တရာယ် အရမ်းများသလို လူမှောင်ခိုသမားတွေ အသုံးပြုတဲ့ လှေတွေက ကြံ့ခိုင်မှုပိုင်း စိတ်မချရတာ၊ လူတွေကို မတန်တဆ တင်ဆောင်တာတွေကြောင့် လူအသေအပျောက် များပြားတဲ့ လှေနစ်မြုပ်မှုတွေလည်း မကြာခဏ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ ကမ်းခြေတလျှောက်မှာ လာတင်နေတဲ့ အလောင်း ၄၃ ခုကို ရှာတွေ့ထားကြောင်း ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။ တိမ်းမှောက်တဲ့ လှေဟာ ဘယ်နေရာက စတင်ထွက်ခွာလာသလဲ ဆိုတာကို အတိအကျ မသိရပေမယ့် လိုက်ပါလာသူတွေထဲမှာ အီရန်၊ အီရတ်၊ ဆီးရီးယား၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်နဲ့ ဆိုမာလီယာ နိုင်ငံသားတွေ ပါဝင်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

လတ်တလောမှာတော့ အီတလီ ကမ်းခြေစောင့်တပ်နဲ့ တခြား အဖွဲ့အစည်းတွေဟာ လှေနစ်မြုပ်ရာ ပင်လယ်ပြင် တဝိုက်မှာ အကြီးအကျယ် ဖြန့်ကျက် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဗီဒီယို မှတ်တမ်းတွေအရ နစ်မြုပ်ခဲ့တဲ့ လှေရဲ့ ကိုယ်ထည် အပိုင်းအစတွေလည်း ကမ်းခြေမှာ ပျံ့နှံ့ပြီး လာတင်နေတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရရှိထားသူတွေကို ကြက်ခြေနီ အဖွဲ့တွေက စောင်တွေ မျှဝေပေးပြီး ရှေးဦးသူနာပြုနည်းနဲ့ စောင့်ရှောက် ကုသပေးခဲ့သလို တချို့ကိုတော့ ဆေးရုံ တင်ပို့ခဲ့ကြပါတယ်။

အီတလီကို တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည်တွေ အုံနဲ့ကျင်းနဲ့ ဝင်ရောက်နေတာတွေကို ပြင်းပြင်းထန်ထန် ကန့်သတ် တားမြစ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက အခု အနိဋ္ဌာရုံ သတင်းကြောင့် အထူး ဝမ်းနည်း ကြေကွဲမိတယ်လို့ ပြောပါတယ်။

သူက လူမှောင်ခိုသမားတွေဟာ သနားစရာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လုံခြုံဘေးကင်းတဲ့ ခရီးစဉ်မျိုး စီစဉ်ပေးမယ်လို့ မျှော်လင့်ချက် အမှားတွေပေးပြီး လူမဆန်တဲ့၊ တာဝန်မဲ့တဲ့ လုပ်ရပ်မျိုးတွေ ကျူးလွန်ခဲ့တာလို့လည်း အပြစ်တင်ခဲ့ပါတယ်။

စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ရင် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးသွားသူ ၂ သောင်းကျော်ထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။