သတင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုအပေါ် စစ်အုပ်စုတရားဝင်မှုရဖို့အသုံးချတာ ခွင့်မပြုသင့်ဟု NUG ထုတ်ပြန် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayoo11 နာရီ ago
သတင်း စစ်သင်္ဘောအုပ်စု ပြန်စုန်ဆင်းလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ သတိပေး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။ ludunwayoo11 နာရီ ago
သတင်း ဖားကန့်မှာ မိုးကောင်းပြီး ရေဘေးနဲ့ မြေပြိုဘေး ကြုံပြန် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှုဘေး ထပ်မံကြုံတွေ့နေပါတယ်။ ludunwayoo11 နာရီ ago
သတင်း ပခုက္ကူမှာ ပေါ်တာဆွဲတာသတိပြုဖို့ PDF ရဲဘော်တွေ လက်ကမ်းစာစောင်ဝေ ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။ ludunwayoo11 နာရီ ago
သတင်း ပလက်၀မြို့နယ်ကဒေသခံငါးဦးကို AA ဖမ်းဆီးစစ်ဆေး ၊အချို့ပြန်လွတ်ပြီး အချို့ပြန်မလွတ်သေး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayoo11 နာရီ ago