Connect with us

Hi, what are you looking for?

အတွေးအမြင်

Nabati သို့ နောက်ဆုံးနှုတ်ဆက်ခြင်း

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

Scorpio/People’s Spring

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

​ဒါပေမဲ့ အခုတော့ Nabati မြန်မာပြည်ကနေ ပြန်ရတော့မယ့် အခြေအနေ ရောက်ရှိလာပါပြီ။ အာဏာသိမ်းစစ်တပ်ရဲ့ သွင်းကုန်လိုင်စင် ပိတ်ထားမှု ဂယက်ကြောင့် စျေးကွက်ထဲကနေ အင်ဒိုနီးရှားနိုင်ငံထုတ် Nabati ဝေဖာတွေ ထွက်သွားရတော့မယ်ဆိုတဲ့သတင်းဟာ လူထုကြားထဲက ငယ်ဘဝ အမှတ်တရတစ်ခုကို ဓားနဲ့မွှမ်းလိုက်သလိုပါပဲ။

စစ်အာဏာသိမ်းကာလမတိုင်မီကဆိုရင် Nabati တစ်ထုပ်မှ မြန်မာငွေနှစ်ရာကျပ်တည်းပါ။ တိုင်းပြည်ရဲ့ချိုမြတဲ့ကာလဟာ နာဘာတီကြောင့်ပဲ ပိုချိူမြိန်ခဲ့ကြတယ်။ စပေါ်စက တစ်ထုပ် ၂၀၀ တန် Nabati ဟာ အရင်ကဆို အများကြီးပါလို့ အဝစားခဲ့ရတဲ့ မုန့်မျိုးပါ။ အာဏာမသိမ်းခင်က Nabati တစ်ထုပ် ၂၀၀၊ ၂၅၀ တုန်းက ကလေးမုန့်ဖိုး ၂၀၀၀ ဆိုတာ မုန့်တွေ အများကြီး ဝယ်စားလို့ရပြီး စိတ်ချမ်းသာခဲ့ရတဲ့ ခေတ်ပေါ့။

Public Service Announcement

Public Service Announcement

ကလေးကအစ ဘိုးဘိုးဘွားဘွားထိ Nabati ကို ကြိုက်ခဲ့ကြတယ်။ အချိုဆိုတော့ ဆီးချိုသမားတော့ မတည့်ဘူးပေါ့။ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို ဘောဇဉ်အဖြစ် လှူဒါန်းခဲ့ကြတဲ့အထိ Nabati ဟာ လူတန်းစားမရွေး၊ အရွယ်မရွေးရဲ့ အိမ်သားတစ်ယောက်လို ဖြစ်ခဲ့ပါတယ်။

​ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့် Nabati မုန့်ထုပ်လေးတွေဟာ ၂၀၀ တန်ကနေ ၁၂၀၀၊ ၁၅၀၀ အထိထိုးတက်သွားခဲ့ပါတယ်။ ဈေးချင်းတူရင် Nabati မုန့်က အတန်ဆုံးနဲ့ အရသာအကောင်းဆုံးမို့ ဆိုင်ဖွင့်ရောင်းတဲ့သူတွေကအစ စားသုံသူ​တွေ အသိအမှတ်ပြုခဲ့ကြပေမဲ့၊ နောက်ပိုင်းမှာတော့ ၁၂၀၀ ဖြစ်သွားလို့ တစ်ထောင်ပဲ ရတဲ့ ကလေးတွေ မကိုင်နိုင်တော့တဲ့ ဘဝ ရောက်ခဲ့ရတယ်။ တစ်ထုပ် ၂၀၀ တုန်းက များခဲ့ပေမဲ့၊ ခုတော့ တစ်ထုပ် ၁၂၀၀ ဆိုတာ နည်းနည်းလေးပဲ ပါတော့တယ်။

ပြည်သူ​တွေဟာ လှုဒါန်းဖို့ နေနေသာသာ ကိုယ်တိုင်တစ်ထုပ် စားဖို့တောင် ဈေးကြည့်ပြီး ပြန်ချိန်နေရတဲ့ ဘဝကို ရောက်ကုန်ကြတယ်။ တိုင်းပြည်မှာ လုပ်အားခတွေက ၆ ဆ မတက်ဘဲ၊ ကုန်ဈေးနှုန်းတွေကသာ ၆ ဆလောက် ထိုးတက်သွားတဲ့အခါ အခြေခံလူတန်းစားတွေရဲ့ သုခဘုံလေးတွေ တစ်ခုပြီးတစ်ခု ပျောက်ဆုံးခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မလုပ်တတ် မကိုင်တတ်နဲ့သွင်းကုန်တွေကို ထိန်းချုပ်ပိတ်ဆို့ပြီး၊ ဒေါ်လာဈေးကို တရားဝင်ပေါက်ဈေးထက် ထက်ဝက်လောက် လျှော့ချသတ်မှတ်လိုက်တဲ့ မှားယွင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကြောင့် ဒီမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဒုက္ခရောက်ကုန်ကြတာပါပဲ။

​အကျိုးဆက်အနေနဲ့ကတော့ ခုဆိုရင် စျေးကွက်ထဲမှာ Nabati ကို ရှာရုံနဲ့တောင် ရှာမရတော့တဲ့ အခြေအနေ ဆိုက်လာပါပြီ။မြစ်ကြီးနားဘက်မှာဆိုရင်လည်း Nabati အတုတွေအထိထွက်ပေါ်လာပြီး၊ နောင်ဆိုရင် အရည်အသွေးညံ့တဲ့၊ စျေးပေါတဲ့ တရုတ်ထုတ်မုန့်တွေကပဲ အစားထိုး ဝင်ရောက်လာတော့မယ့် အခြေအနေ ရောက်နေပါပြီ။

အာဏာသိမ်းစစ်တပ်လက်​အောက်မှာ နိုင်ငံတကာကအရည်အ​သွေးမြင့်စား​သောက်ကုန်​တွေ၊လူသုံးကုန်​တွေ ၊ဝန်​ဆောင်မှု​တွေ တဖြည်းဖြည်း ထွက်ခွာသွားကြတာကပုံမှန်လို​တောင်ဖြစ်လာပါတယ်။ အရည်အ​သွေးမြင့်ထုတ်ကုန်​တွေ ၊ဝန်​ဆောင်မှုလုပ်ငန်း​တွ မြန်မာ့​မြေက စွန့်ခွာသွားကြပြီး တရုတ်ထုတ်ကုန်​တွေ၊ ပြည်ပထုတ်ကုန်​တွေကို တုပထုတ်ထားတဲ့ ပြည်တွင်းထုတ်ကုန်​တွေ ​ဈေးကွက်မှာပို​တွေ့လာရပါတယ် ။

ဒီတစ်ခါ​တော့ ​နေ့စဥ်ဘဝမှာအ​တော်​လေးနီးစပ်ခဲ့တဲ့ မုန့်​လေး​တွေပါ ထွက်ခွာသွား​တော့မှာမို့ စိတ်မ​ကောင်းဖြစ်မိပါတယ်။

​နှုတ်ဆက်ခဲ့ပါတယ် Nabati…

​ခရီးဝေးတွေမှာ အဖော်ပြုပေးခဲ့လို့ ကျေးဇူးပါ။ လက်ထဲမှာ ငွေအကြွေလေးတွေ ရှိရုံနဲ့ ပေးစွမ်းနိုင်ခဲ့တဲ့ မင်းရဲ့ အရသာနဲ့ အမှတ်တရတွေကိုတော့ မြန်မာပြည်သူတွေရဲ့ ငယ်ဘဝ စာမျက်နှာတွေထဲမှာ ထာဝရ သိမ်းဆည်းထားတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ မမှန်ကန်တဲ့ စနစ်ဆိုးအောက်မှာ အရသာရှိတဲ့ မုန့်လေးတစ်ထုတ်တောင် အေးအေးဆေးဆေး မစားရတော့တဲ့ ပြည်သူတွေရဲ့ ဘဝကို တွေးပြီး ရင်မောစွာနဲ့ ကျန်ခဲ့ပါ့မယ်။

ကျေးဇူးပါ Nabati

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

နိုင်ငံတကာ

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။