သြဂုတ် ၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ပြည်သူတွေ ပိုမိုသိရှိပြီး မိမိကိုယ်ကိုနဲ့ မိမိရဲ့ မိသားစုအား ကာကွယ်နိုင်ဖို့ ပြည်သူ့ရင်ခွင်-People’s Embrace နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ ပူးပေါင်းပြီး ပညာပေး လက်ကမ်းစာစောင်တွေကို မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က မတရားသိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို လူငယ်လူရွယ်တွေ ပျောက်ဆုံးနေပြီး အများစုဟာ အဓမ္မ အနိုင်ကျင့် ပေါ်တာဆွဲခံရပြီးနိုင်ငံတဝှမ်းရှိ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်ကာ အတုံးအရုံး ကျဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က အသိပေးပါတယ်။

Public Service Announcement
ပြည်သူ့စစ်မှုထမ်းဥပဒေအမည်ခံ ပေါ်တာဆွဲမှုတွေဟာ ရပ်ကျေးယန္တရားအထိ လူကုန်ကူး ဈေးကွက်သဖွယ်ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားမိသားစုတွေနဲ့ လူလတ်တန်းစားမိသားစုတွေရဲ့ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က ထပ်မံအသိပေးပါတယ်။
ပေါ်တာဆွဲခံရသူ ပစတွေဟာ စစ်မျက်နှာ အသီးသီးမှာအထိအခိုက်အကျအဆုံး များနေပြီး နေ့စဉ် PDF/ပကဖ/ERO တွေထံ အလင်းဝင်မှုတွေ၊ လက်နက်ချမှုတွေရှိနေတယ်လို့ သိရပါတယ်။
တိုင်းပြည်ကို ကြက်ဥတောင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲတွင်းနက်စေကာ လူတစုကို ကျိကျိတက်ချမ်းသာစေတဲ့ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ရေးအင်အားစုတွေက ဦးတည် တိုက်ခိုက်နေတာဖြစ်ပြီး အတင်းအကြပ်အနိုင်ကျင့်ဖိအားပေးတာကြောင့် စစ်မှုထမ်းနေရတဲ့ ပြည်သူတွေ(ပစ) တွေကို နားလည်စာနာပြီး အလင်းဝင်မှုတွေကို နွေးထွေးစွာ ကြိုဆိုနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFက အသိပေးထုတ်ပြန်ပါတယ်။
စစ်တပ်ထံကနေ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူ သန္ဓေ/ပသစ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အောက်ပါ
Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople
Signal: +66968847969
Viber: +66968847969
Facebook Page/ Messenger: ပြည်သူ့ရင်ခွင် – People’s Embrace တို့ကနေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

















































