Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ မိုးကောင်းပြီး ရေဘေးနဲ့ မြေပြိုဘေး ကြုံပြန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

(ဖားကန့်မြို့မှာ မိုးကောင်းပြီး ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)

ဩဂုတ်-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

ဖားကန့်မြို့‌ပေါ် ရပ်ကွက်အချို့ပါ ရေဝင်နေပြီး လမ်းတွေရေမြုပ်နေတာပါ။ မြို့မရပ်ကွက်၊ ကာလီဂျောင်မှာ မြေပြိုလို့ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လကရော ဇူလိုင်မှာပါ မိုးကြီးပြီး ‌ဒေသခံတွေ ‌ရေဘေးကြုံခဲ့ရပါတယ်။ မြေပြိုမှုတွေလည်း မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှု၊ လမ်းနဲ့အိမ်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့လည်း မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာလည်း ရေကာတာကျိုးကျလို့ ဆိုးရွားတဲ့ရေဘေးကို ဇူလိုင် ၃၀ရက်ကစပြီး ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

ဖားကန့်ရေဘေးက တောင်ကျရေကြောင့် အချိန်တိုအတွင်း ပြန်ကျနိုင်ပေမယ့် လေးမျက်နှာမြို့ ရေဘေးကတော့ မြစ်ရေကြတာကျိုးကျတာမို့ ကာလရှည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။