Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ပြန်စုန်ဆင်းလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

(ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တတ်နေတဲ့ စစ်သင်္ဘောကို ဇူလိုင်ပထမအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

ဩဂုတ်-၄၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တိုက်ခိုက်ရေးရေယာဉ်တွေ အပါအ၀င် ကျောက်တင်သင်္ဘောတွေနဲ့ စစ်ကောင်စီ၀န်ထမ်းတွေပါမယ့် စစ်သင်္ဘောတွေက မနက်ဖြန်(ဩဂုတ် ၅ ရက်)မှာ အောက်ဘက်ဒေသတွေဆီ ပြန်စုန်ဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။

“၂၇ရက်နေ့က ဟုမ္မလင်းမြို့ ဆိပ်ကမ်းကိုရောက်တယ်။ပြီးတော့ ခန္တီးကကျောက်စိမ်းတင်သဘော်တွေက ဟုမ္မလင်းကို ဆင်းလာတယ်။ဟုမ္မလင်းကနေ မနက်ဖြန် ပြန်စုန်လာမှာက စုစုပေါင်း ၁၂စီး”လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမှာ ကျောက်တင်သင်္ဘော ၅ စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂ စီး၊စစ်သင်္ဘော ၃စီးနဲ့ ၀န်ထမ်းတင်ဆောင်ထားတဲ့ရေယာဉ် ၂စီးလို့ အသိပေးပါတယ်။

ဒါကြောင့် မြစ်ကမ်းဘေးနေ ပြည်သူတွေအနေနဲ့ ဘေးလွှတ်ရာရှောင်တိမ်းနေကြဖို့လည်း စစ်ကိုင်းတိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“မနက်ဖြန်ထွက်ပြီး ဖောင်းပြင်ကနေ။ သဘက်ခါ စုပေါင်းစုန်လာမှာရောဆိုရင် ၂၁စီးရှိနိုင်တယ်။မနက်ဖြန် ဟုမ္မလင်းကနေ စုန်ခဲ့တဲ့အခြေနေပေါ်ကြည့်ပြီးမှထပ်သိနိုင်မယ်”လို့ စစ်သင်္ဘောအုပ်စုရဲ့အခြေအနေကို သူက ပြောပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်လာတာဖြစ်ပါတယ်။

ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတာပါ။ ဟုမ္မလင်းမြို့မြို့ကနေ ပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်လည်သယ်ဆောင်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်