Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စစ်တပ်က စစ်မှုထမ်းတပ်သားတွေနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(ရန်ကုန်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - Getty Images)

ဩဂုတ်-၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းက ရေစကြိုမြို့တောင်ဘက် ပခုက္ကူ-မုံရွာလမ်းပိုင်းဘေးက ကံသစ်ကျေးရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“ဘယ်ကို ဦးတည်မလဲ မသိသေးဘူး။လောလောဆယ် ငြိမ်နေသေးတယ်”လို့ Yesagyo Revolution Group တာ၀န်ခံ ကိုပါးသိုင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ရေစကြိုမြို့နယ်ရဲ့ အဓိကလမ်းပိုင်းတွေနဲ့ နယ်မြေတွေက်ု ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ပိုမိုဖိအားပေးလာတာလို့ သူက ပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂ရက် ဇူလိုင် ၃၁ ရက်ကလည်း ရေစကြိုအပါအ၀င် မြို့နယ် ၆၃ ခုကို စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဇူလိုင် ၂၈ ရက်က ရေစကြိုမြို့ကို သင်္ဘောနဲ့ စစ်မှုထမ်းတပ်သားအများစုပါတဲ့ အင်အား ၅၀၀ ခန့် ပို့ဆောင်ခဲ့ပြီး ဖူလုံကျေးရွာအနီးက ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် -၂၅၆၊၂၅၇၊ ၂၅၈ တပ်ရင်းတွေမှာ ပြန်လည်စုဖွဲ့ခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံပါမယ် မိတ္ထိလာပါမယ်။လောလောဆယ် အင်အား ၂၀၀ ကျော်လောက်တော့ပါတယ် ကြားတယ်”လို့ ရေစကြိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၁ ရက်ကလည်း ရေစကြိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များလာနိုင်လို့ ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။