Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘အခန်းဖော်’

◼️ ရာမွန်

“မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ”

ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။

အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို ကြားတော့ ကျနော် အားငယ်နေမိတယ်။ အခန်းထဲက နံရံတွေမှာ သူကပ်ထားတဲ့ စာသားတွေနဲ့ ပြည့်လို့။ ဒါတွေက ကျနော့် အသံတွေ မဟုတ်ဘူး။ သူ့အသံတွေ။ ဒါပေမဲ့ ကျနော် သဘောကျတယ်။ တခန်းထဲမှာ လူနှစ်ယောက်နေရင်း နိုင်ငံတခုကို သူ့ကြောင့် အတူတူ ရင်ဆိုင်နေရသလို ခံစားရလို့။

Public Service Announcement

Public Service Announcement

သူ့ကို ဖမ်းသွားတဲ့ညတုန်းက အဲဒီ့အခန်းမှာ ကျနော် မီးမထွန်းတော့ဘူး။ သူ ပြောခဲ့တဲ့စကားတွေကတော့ နားထဲမှာ ကျန်နေဆဲပဲ။

“ဒီအခန်းလေးက တိုက်ခန်းလေး သပ်သပ် မဟုတ်ဘူး။ ပြည်သူ့နန်းတော်ပဲ” တဲ့

ကျနော် သေနတ်ကိုကိုင်ပြီး သူဘွဲ့ယူတဲ့နေ့က အကြောင်းကို ပြန်တွေးနေမိတယ်။ ပြည်သူ့နန်းတော်လို့ သူခေါ်တဲ့ ကျနော်တို့ အခန်းလေးကိုလည်း လွမ်းတယ်။ သူ လိုချင်တာ စစ်ပွဲမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။

ဒါပေမဲ့ စစ်ပွဲနဲ့ ချစ်ခြင်းဆိုတာ တခါတလေ တူညီတဲ့အရာမျိုးလို့ ကျနော် ထင်တယ်။ ဒါဟာ လက်ရှိပုစ္ဆာတွေ အတွက်တော့ အဖြေပဲလို့ သူ့ကိုတွေ့ရင် ရှင်းပြရမယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ ရာမွန်’ ရေးဖွဲ့တဲ့ “အခန်းဖော်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။