Short Story
အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခုတော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။