Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ ဖမ်းဆီးခံရတဲ့ လူငယ်၂၀ ကျော်ကိုစစ်တပ်က နမခ​ခေါ်သွားပြီးအဆက်သွယ်ပျက်နေ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက် တောက် နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မေ-၁၇၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက် တောက် နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မေလ၁၂ရက် နေ့ည၊၉နာရီ လောက်မှာ ခင်မွန်ရွာက Starlink အင်တာနက်ဆိုင်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၂၇ ဦးခန့်ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

အဲဒီအထဲက လူငယ်အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီးကျန်လူတွေအားလုံးကိုချောင်းဦးမြို့နယ်၊ထွေအုပ်ရုံးထဲကိုဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒလန်ကသတင်း ပေးတာ။ဒီဝင်ဆွဲလိုက်ကားနှစ်စီးတိုက်လောက် ရတယ်ဆိုပြီးတော့။တကယ်ကားတွေနဲ့ ဝင်ဆွဲသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီအထဲက သက်ကြီးရွယ်အိုနဲ့အမျိုးသမီး တချို့အပါအဝင် ၇ ဦးခန်းပြန်လွတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်နေ့မှာပဲ အဖမ်းခံရတဲ့လူငယ်​တွေကိုချောင်းဦးမြို့ထဲကနေ ကားတန်းနဲ့ မုံရွာမြို့ နမခထဲကိုပို့ ဆောင်ခဲ့တယ်လို့သိရပါတယ်။

“၂၀ ဝန်းကျင်လူငယ် တွေများတယ်လို့သိရတယ်။နောက်ဆုံးသတင်းရတာက နမခထဲက နေစစ်သားစု ဆောင်း ရေးဆီပို့လိုက်တယ်လို့သတင်းရပြီး အဲဒီသတင်းက နောက်ဆုံးပဲ။အခုထိအဆက်သွယ်မရတော့ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာ ​မေလ ၁၇ ရက်​နေ့ခင်းပိုင်းအထိ အဆက်အသွယ်ပြတ်တောက် နေပြီး စစ်အုပ်စုထံကမိဘ တွေကိုဆက်သွယ်လာတာမျိုးလည်းမရှိဘူးလို့လည်းသိရပါတယ်။

ချောင်းဦးမြို့နယ်၊ခင်မွန်ရွာဟာမုံရွာ-မန္တလေးလမ်း ပေါ်မှာရှိပြီး စစ်​အုပ်စုကဒီလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေကို မကြာခဏ ပေါ်တာဆွဲ လေ့ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။