ဇူလိုင်-၂၇၊၂၀၂၆။ဆဏ်း/People’s Spring
တော်လှန်အနုပညာရှင် ထားထက်ထက်ရဲ့ ဘဝအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ Ray ရုပ်ရှင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြသသွားမယ်လို့ အသိပေးထားပါတယ်။
“အမှောင်ထုထဲမှာ လမ်းပြကြယ်အဖြစ် လင်းလက်ခဲ့ကြတဲ့ မြေပြင်က ရဲဘော်တွေရဲ့ အစစ်အမှန် ပေးဆပ်မှုတွေကို ပိတ်ကားထက်မှာ မျက်ဝါးထင်ထင် ကြည့်ရှုရင်း မိမိတို့ ကျရာကဏ္ဍကနေ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်ကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်။” လို့ Ray ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။
ဒီဇာတ်ကားကို ချင်းမိုင်မြို့မှာ ဩဂုတ် ၂၉ ရက်နေ့မှာ ပြသသွားမှာဖြစ်ပြီးလက်မှတ်ခက ဘတ် ၃၀၀ သတ်မှတ်ထားပါတယ်။

Public Service Announcement
ရုပ်ရှင်ပြမယ့်နေရာနဲ့ လက်မှတ်ဝယ်ယူနိုင်မယ့် အချက်အလက်တွေကိုတော့ ထပ်ကြေညာပေးသွားမယ်လို့ Ray ရဲ့ ပေ့ခ်ျမှာ ကြေညာထားပါတယ်။
ဒီရုပ်ရှင်မှာ ထားထက်ထက် နဲ့ အတူ မင်းမော်ကွန်း နဲ့ ဒေါင်း တို့က ပါဝင်သရုပ်ဆောင်ထားပြီး စာရေးဆရာ ခက်ဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားကို ဩစတေးလျနိုင်ငံ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ တွေမှာ ဇွန်လ နောက်ဆုံးပတ်ကစတင်ပြသခဲ့တာဖြစ်ပြီး ဇူလိုင်လထဲမှာ နယူးဇီလန် နဲ့ အမေရိကန် နိုင်ငံတွေမှာလည်း ပြသထားပါတယ်။
ဒါ့အပြင် ဩဂုတ်လအတွင်းမှာ ကနေဒါနိုင်ငံ နဲ့ ဩစတေးလျ နိုင်ငံတောင်ပိုင်းကမြို့တွေမှာ ပြသသွားမှာဖြစ်ပြီး စက်တင်ဘာလမှာတော့ ဂျပန်နိုင်ငံရဲ့ မြို့ ခြောက်မြို့မှာ ပြသသွားမှာလို့ ကြေညာထားပါတယ်။


















































