Connect with us

Hi, what are you looking for?

ကဗျာ

“ဂျေရုဆလင် မတိုင်မီ”

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင် ရိုးရှင်းသလောက် လေးနက်တဲ့ အနက်အဓိပ္ပါယ်တွေကို ဆောင်နေတယ်လို့ ဆိုကြပါတယ်။ သူ့ကို နိုဘဲလ်ဆုချီးမြှင့်ဖို့တောင် အကြံပြုခံခဲ့ရတယ်လို့လည်း မှတ်သားမိပါတယ်။ ခံစားမိတဲ့ ကဗျာတွေထဲက ကဗျာတိုနှစ်ပုဒ်ကို ဘာသာပြန်ကြည့်လိုက်ပါတယ်။

“ဂျေရုဆလင်”

မြို့ဟောင်းကြီးရဲ့ အိမ်ခေါင်မိုးတစ်ခုမှာ
ညနေစောင်းရဲ့ နေရာင်အောက် လှမ်းထားတဲ့အဝတ်တွေ
(ဟိုမှာ) ငါ့ရန်သူမိန်းမဟစ်ယောက်ရဲ့ အဝတ်ဖြူစ
(ဒါက) ငါ့ရန်သူယောကျင်္ားတစ်ယောက်ရဲ့ မျက်နှာသုတ်ပုဝါ
သူ့မျက်ခုံးပေါ်က ချွေးတွေကို သုတ်ဖို့ဖြစ်မှာ။
မြို့ဟောင်းကြီးရဲ့ကောင်းကင် မှာ
စွန်တစ်စင်း
စွန်ကြိုးရဲ့ အခြားတဖက်အဆုံးမှာက
ကလေးတစ်ယောက်
ငါ မမြင်နိုင်ပါဘူး
နံရံက ကာဆီးထားလို့လေ။
ငါတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ပျော်နေတယ်လို့ ငါတို့ထင်အောင်
ငါတို့ပျော်နေတယ်လို့ သူတို့ထင်အောင်…။

– ရာဟူဒါ အမီခီး

Public Service Announcement

Public Service Announcement

——————–

“မတိုင်မီ”

ဂိတ်တံခါး ပိတ်မသွားမီ
နောက်ဆုံးမေးခွန်း မေးမလာမီ
ငါ့ကို မပြောင်းရွှေ့လိုက်ကြမီ
ဥယျာဉ်တွေကို ပေါင်းမြက်တွေ လွှမ်းမသွားမီ
ခွင့်လွှတ်ခြင်းတွေ ကုန်ခန်းမသွားမီ
ကွန်ကရစ်တွေ မာကျောမလာမီ
ပုလွေရဲ့ သံစဉ်ပေါက်တွေအားလုံးကို မပိတ်လိုက်မီ
အရာဝတ္ထုတွေကို ဗီရိုထဲ သော့ခတ် မသိမ်းလိုက်မီ
စည်းမျဉ်းတွေကို ရှာဖွေ့တွေ့ရှိမသွားမီ
အဆုံးသတ်နိဂုံးကို မကြံစည်နိုင်မီ
ဘုရားသခင်က သူ့လက်တွေကို မရုတ်သိမ်းလိုက်မီ
ငါတို့မှာ ရပ်တည်စရာနေရာ လုံးဝမရှိတော့တဲ့ အချိန်မတိုင်မီ။

– ရာဟူဒါ အမီခီး

ရည်ညွှန်း။The Selected Poetry of Yehuda Amichai, translated by Chana Bloch and Stephen Mitchell

Translated By PDR

(မှတ်ချက်။ နာမည် အသံထွက်က ဒီလင့်ခ် http://www.loc.gov/nls/other/sayhow.html က အတိုင်း အနီးစပ်ဆုံးထွက်လိုက်တာပါ။ မှားရင်ပြင်သွားပါ။)

((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ PDR ‘ ရဲ့ “”ဂျေရုဆလင် မတိုင်မီ” ဘာသာပြန်ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။