Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဗုံးဆက်မကြဲသ၍ တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ အီရန်ပြော

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။

အီရန်မှာ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အလုံးစုံ ရပ်ဆိုင်းလိုက်သင့်ပြီဖြစ်ကြောင်း အမေရိကန် အစိုးရ အဖွဲ့ထဲမှာတင် တောင်းဆိုမှုတွေ ရှိနေပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း နှစ်ပတ်လောက်ဆက်တိုက် အီရန်မှာ ညတိုင်းဗုံးကြဲနေစေခဲ့ရာက ပြီးခဲ့တဲ့ နှစ်ညဆက်တိုက် တိုက်ခိုက်မှုတွေ ရပ်စဲထားစေတဲ့နောက် အီရန်ဖက်က အခုလို သဘောထားမျိုး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဝေါ့လ်ဇ်က အီရန်မှာ အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားတာဟာ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ အတိုင်းအတာ တစ်ခုထိ သမ္မတက အချိန်ပေးထားတဲ့ သဘောဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က Fox သတင်းဌာနကို မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း ထရမ့်ရဲ့ အကြံပေးတွေ ကိုယ်တိုင်က အီရန်မှာ တိုက်ခိုက်စရာ ပစ်မှတ်တွေ ကုန်ဆုံးလာတာ၊ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ ခဲယမ်းမီးကျောက်တွေ မြန်မြန်ဆန်ဆန် လျော့နည်းလာတာတွေကြောင့် အီရန်မှာ ဗုံးကြဲမှုတွေ ဆိုင်းငံ့ထားသင့်ကြောင်း သူ့ကို ဝိုင်းဝန်း အကြံပြုထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းမှာတော့ အီရန်အစိုးရရဲ့ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အမေရိကန်က ဗုံးကြဲတာတွေ ရပ်နေသ၍ ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေအပေါ် အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ သဘောထား ရပ်တည်မှုကတော့ တိုက်ခိုက်တာတွေ ကြုံလာရင် လက်တုံ့ပြန်မှာဖြစ်ပြီး တိုက်ခိုက်မှုတွေ ရပ်နေရင် ကိုယ်တိုင်လည်း စစ်ဆင်ရေးတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း၊ ဒီသဘောထားကို အမေရိကန်ဆီကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း သူက ဆိုပါတယ်။

အမေရိကန်က အီရန်ကို ၁၃ ညဆက်တိုက် ဗုံးကြဲခဲ့ပြီး နှစ်နိုင်ငံကြားက အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားတဲ့နောက်ပိုင်း အခြေအနေက အခုလို အပြောင်းအလဲ ရှိလာတာပါ။

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် အဲဒီရေလမ်းကြောင်း လုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန်က အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေ၊ ရေဒါစခန်းတွေ၊ ဒုံးကျည်နဲ့ ဒရုန်းလွှတ်တင်တဲ့ နေရာတွေကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် စစ်ရေးအခြေအနေတွေ ပြန်လည် တင်းမာလာခြင်းနဲ့အတူ အီရန်အပေါ် အင်အား အလုံးအရင်း အသုံးပြု တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီး ဆင်နွှဲဖို့ ဆိုတာကလည်း ထည့်စဉ်းစားရမယ့် ရွေးချယ်စရာ တစ်ခုအဖြစ် ရှိနေသေးကြောင်း အမေရိကန် အစိုးရက ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်တပ် အကြီးအကဲ ဒန်ကိန်းကတော့ အဲဒီ တိုက်ခိုက်မှုမျိုးသာ လက်တွေ့ လုပ်ဆောင်ခဲ့ရင် အမေရိကန်ရဲ့ လက်နက်ခဲယမ်း သိုမှီးထားမှုအပေါ် အနုတ်လက္ခဏာ ကြီးကြီးမားမား သက်ရောက်စေမယ်လို့ ထရမ့်ကို ပုဂ္ဂိုလ်ရေးအရ ထောက်ပြ သတိပေးထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကိန်းနဲ့ အမေရိကန် စစ်တပ်ကတော့ အဲဒီကိစ္စအပေါ် သီးခြားမှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ထရမ့်က လောလောဆယ် အီရန်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားစေပေမယ့် အဲဒီကိစ္စကြောင့်တော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အီရန်ရဲ့ သဘောထားမှာ ကြီးကြီးမားမား အပြောင်းအလဲတွေ ရှိလာမှာ မဟုတ်ဘူးလို့ အီရန်အစိုးရရဲ့ အမည်မဖော်လိုသူ ထိပ်ပိုင်း သတင်းရင်းမြစ် တစ်ဦးက Reutersဆီ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

Facebook