Connect with us

Hi, what are you looking for?

သတင်း

SCEFနဲ့AAပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးမှုကို ဇူလိုင် ၂၃ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

တွေ့ဆုံစဉ် အာရက္ခပြည်မှာ ကြုံနေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်များများကိုတိုင်ပင်ဆွေးနွေးခဲ့​တယ်လို့ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် SCEF ခေါင်းဆောင်တွေက SCEF ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊မူဝါဒများ၊ လက်ရှိပြုလုပ်နေသော အကြောင်းအရာတွေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်များအကြောင်းအရာတို့ကိုအသိပေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှ တော်လှန်ရေးသတင်းရင်းမြစ်တဦးကလည်း ယခု​တွေ့ဆုံ​ဆွေး​နွေးမှုအ​ပေါ် “SCEF မှာAA ပါဝင်လာဖို့ ဆွေး‌နွေးနေတဲ့ သတင်းကြားရတာနဲ့တင် အားရှိတာပါ။ ကျွန်တော်တို့ သတင်းကြားတာ ရက်အနည်းငယ်ကြာပြီ။ အား ဖြစ်တယ်။ တော်လှန်ရေးအရရော နိုင်ငံရေးအရပါ အားသာချက်တွေ ရှိလာမယ်လို့ ယုံကြညတယ်”လို့​ပြောပါတယ်။

SCEFနဲ့ AA တို့ မတွေ့ဆုံမီက SCEF အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ ULA/AAထံကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့ပါသေးတယ်။ NUG ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကလည်း ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။

NUG အနေနဲ့ အာရက္ခပြည်သူတစ်ရပ်လုံးနဲ့အတူဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

SCEFဟာ ULA/AAနဲ့ မတွေ့ဆုံမီ ရက်ပိုင်းတွေကလည်း ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ မွန်တော်လှန်ရေးအင်အားစုတွေ၊နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ်တွေနဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဖက်ဒရယ်ယူနစ်လွှတ်တော် ၊ အစိုးရတွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီးစုဖွဲ့မှုပိုအားကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။