Connect with us

Hi, what are you looking for?

အတွေးအမြင်

ဘောလုံးဟာမလုံးဘူး၊ပြားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ညစ်ကျယ်ကျယ်အပြုံး ၊ ရုရှသမ္မတဗလာဒီမာပူတင်ရဲ့ကြေးစား လူမိုတ်အပြုံး၊ တရုတ် သမ္မတရှီကျင်းဖိန်ရဲ့မထေမဲ့မြင်အပြုံးနဲ့နောက်တစ်ယောက်ကတော့ ……အဲဒီ နောက်တစ်ယောက် အကြောင်းတော့မပြောတော့ပါဘူး။ကျော်လိုက်ပါမယ်နော်။

-John Doeရေးသားသည်။

“သူပြုံးနေရင်သတိထား”ဆိုတဲ့စကားတစ်ခုရှိပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ညစ်ကျယ်ကျယ်အပြုံး ၊ ရုရှသမ္မတဗလာဒီမာပူတင်ရဲ့ကြေးစား လူမိုတ်အပြုံး၊ တရုတ် သမ္မတရှီကျင်းဖိန်ရဲ့မထေမဲ့မြင်အပြုံးနဲ့နောက်တစ်ယောက်ကတော့ ……အဲဒီ နောက်တစ်ယောက် အကြောင်းတော့မပြောတော့ပါဘူး။ကျော်လိုက်ပါမယ်နော်။

နောက်အပြုံးတစ်ခုကတော့ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဂျီယန်နီအင်ဖန်တီနိုရဲ့အပြုံးဖြစ်ပါတယ်။ အင်ဖန်တီနိုရဲ့ဓါတ်ပုံတွေကိုကြည့်ပါ။သူ့ဓါတ်ပုံ ၁၀ ပုံမှာ ၁၁ ပုံကပြုံးနေပါတယ်။သွားတွေတောင်ဖွေးလို့ပါ။ဒေါ်နယ်ထရမ့်၊ပူတင်နဲ့ရှီတို့ရဲ့အပြုံးကိုအနက်ဓိပ္ပါယ်ဖွင့်သလိုအင်ဖန်တီနိုရဲ့အပြုံးကိုဘာသာပြန်ရရင်တော့ အားလုံးစားရမယ့်ကိတ်မုန့်ကိုဖွက်ထားသူရဲ့အပြုံးပါပဲ။

Public Service Announcement

Public Service Announcement

အင်ဖန်တီနိုပြုံးနေပြီ၊ သတိထားပါတော့။

ဇါတ်လမ်းကဒီလိုပါ။

အင်ဖန်တီနိုမတိုင်မီကကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သက်တော်ရှည် ဥက္ကဋ္ဌ ဆပ်ဘလတ္တာဟာခြစားမှု နဲ့ ၂၀၁၅ ခုနှစ်ဒီဇင်ဘာမှာရာထူးကနှုတ်ထွက်ရပါတယ်။ယုံချင်ယုံမယုံချင်နေအင်ဖန်တီနိုနဲ့အဖွဲ့ဟာဖီဖာကိုပြုပြင်ပြောင်းလဲမယ်ဆိုပြီးတော့’ပြုပြင်ပြောင်းလဲရေးကော်မတီ’နဲ့အတူတက်လာခဲ့ပါတယ်။

သူပထမဆုံးပြုပြင်ပြောင်းလဲတာကတော့ဖီဖာအဖွဲရဲ့ကျင့်ဝတ်ဆိုင်ရာပြဿနာတွေကိုစုံစမ်းစစ်ဆေးတဲ့အရာရှိတွေကိုရာထူးကဖယ်ရှားလိုက်တာဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲရေးဆရာကြီးရဲ့ဝါသနာကအာဏာရှင်များနဲ့ချစ်ခန်းဖွင့်တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာရုရှသမ္မတဗလာဒီမာပူတင်ကယူကရိန်းရဲ့ကရိုင်းမီးယားကိုဝင်ပြီးကျူးကျော်သိမ်းပိုက်တဲ့အခါအဲဒီအချိန်မှာဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့အတွင်းရေးမှူးချုပ်လုပ်နေတဲ့အင်ဖန်တီနိုက ကရိုင်းမီးယားဘောလုံးကလပ်တွေကိုရုရှ ဘောလုံးအဖွဲ့ချုပ်အောက်ကပွဲစဉ်တွေမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ မတရားမှုနဲ့ပက်သက်ရင်အဲဒီလိုရဲရဲတောက်သူပါ။

သူဖီဖာရဲ့ဥက္ကဌဖြစ်လာပြီးနောက် ၂၀၁၈ခုနှစ်က ရုရှမှာကျင်းပတဲ့ကမ္ဘာ့ဖလားကိုသမိုင်းမှာ “အကောင်းဆုံးကမ္ဘာ့ဖလား”လို့ ပူတင်အကြိုက်​ပြောပါတယ်။ ပူတင်က သူ့ကို Order of Friendshipဂုဏ်ထူးဆုချီးမြှင့်ခဲ့ပါတယ်။

၂၀၂၂ကာတာမှာကမ္ဘာ့ဖလား ကျင်းပဖို့အတွက်အလုပ်ကြမ်းတွေလုပ်ရင်းနိုင်ငံခြားသားအလုပ်သမား ၆,၅၀၀ လောက်အသက်ဆုံးရှူံးခဲ့ရပါတယ်။လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့်ကမ္ဘာကကာတာကိုဝိုင်းဝေဖန်ကြတဲ့အခါအင်ဖန်တီနိုကတော့အိမ်ရှင်ကာတာဖက်ကနေအားကစားစိတ်ဓါတ်အပြည့်နဲ့ခုခံကာကွယ်ခဲ့ပါတယ်။

ဒီလိုနဲ့FIFAဟာFeverဖြစ်လာတော့တာပါပဲ။

အခု၂၀၂၆ကမ္ဘာ့ဖလားမှာဒေါ်နယ်ထရမ့်ဟာခြေစစ်ပွဲအောင်တဲ့နိုင်ငံတွေရဲ့၄ချိုး၁ချိုးကိုအမေရိကန်ကို ခရီးသွားလာခွင့်ပိတ်ပင်ခဲ့ပါတယ်။ အင်ဖန်တီနိုကတော့ထရမ့်ကို “ဖီဖာငြိမ်းချမ်းရေးဆု” ကိုပေးအပ်ခဲ့ပါတယ်။(ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ဆုပါ)။ ဒီဆုကိုရပြီးနှစ်လအကြာမှာထရမ့်က အီရန်ကိုဗုံးစကြဲ ခဲ့ပါတယ်။

အီရန်အစိုးရဆိုတာကလည်းသဘောကောင်းမနောကောင်းတွေတော့မဟုတ်ပါဘူး။ဒါပေမယ့် ဖီဖာငြိမ်းချမ်းရေးဆုရှင်ရဲ့လုပ်ရပ်ကအပြစ်မဲ့ ပြည်သူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး၊တစ်ကမ္ဘာလုံး စက်ဘီးပြန်စီးကြရမယ့်ခေတ်ကိုရောက်လုနီးနီးဖြစ်နေပါတယ်။ကျန်းမာရေးအတွက်အားကစားလို့ပဲ အင်ဖန်တီနိုကပြောမလားမသိပါ။

အပြုံးရှင်အင်ဖန်တီနိုရဲ့အံ့ဘွယ်ရာလုပ်ရပ်ကတော့အမေရိကန်လက်ရွေးစင်အသင်းကိစ္စပါ။ အမေရိကန်နဲ့ဘောစနီးယားနဲ့ဟာဇီဂိုးဗီးနားပွဲမှာအမေရိကန်ရဲ့တိုက်စစ်မှူးဖိုလာရင်ဘာလိုဂန်ဟာအနီ ကဒ်အပြခံရပါတယ်။အရာအားလုံးကိုထိုးထွင်းသိမြင်နိုင်တဲ့ဒိဗ္ဗစက္ခုဉာဏ်ရှင်ဒေါ်နယ်ထရမ့်ကဒိုင်ရဲ့ဆုံးဖြတ်ချက်ကမှားယွင်းတယ်လို့ရေရွတ်ပြီးအင်ဖန်တီနိုကိုဖုန်းဆက်ပါသတဲ့။ သာဝကအင်ဖန်တီနိုကထရမ့်ရဲ့နှုတ်ကပတ်တော်ကိုဦးထိပ်ပန်ပြီးအနီကဒ်ပိုင်ရှင်ဖိုလာရင်ဘာလိုဂန်ကိုဘယ်လ်ဂျီယန်နဲ့ပွဲမှာကန်ခွင့်ပေးခဲ့ပါတယ်။ပွဲမတိုင်မီမှာ BBC World Service ကလူထုကြားမှာစစ်တမ်းကောက်ခဲ့တယ်။ဖိုလာရင်ဘာလိုဂန်ကို ပေးကန်သင့် မကန်သင့်ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။အခုဆောင်းပါးရှင်လည်းဖြေဆိုခဲ့ပါတယ်။ဖြေကြားသူတွေရဲ့၉၅ရာခိုင်နှုန်းရဲ့အဖြေက”နိုး”ပါ။

တစ်ကမ္ဘာလုံးကိုယ်စားဘယ်လ်ဂျီယန်ကအမေရိကန်ကို ၄ဂိုးသွင်းပြီးဆုံးမခဲ့ပါတယ်။ အမေရိကန် အသင်းသားတွေကိုအပြစ်တင်တာမဟုတ်ပါ။သူတို့မှာအပြစ်မရှိပါ။အင်မတန်ကြိုးစားတဲ့ ကစားသမားတွေဖြစ်ပါတယ်။အပြစ်တင်ရမှာက ဒိဗ္ဗစက္ခုဉာဏ်ရှင်ထရမ့်ကို မဲပေးခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ဖီဖာဟာ တစ်သက်လုံးခြစားခဲ့တယ်ဆိုတာကိုလူတိုင်းသိပြီး ဖြစ်ပါတယ်။ အခုဟာကတော့Next Levelကို ရောက်သွားပါပြီ။

ဘောလုံးအားကစားအတွက်တော့အမှောင်မိုက်ဆုံးခေတ်ကိုရောက်သွားခဲ့ပါပြီ။ အင်ဖန်တီနိုခေတ်မှာ ဘောလုံးဟာမလုံးတော့ပါဘူး၊ပြားသွားပါပြီ။

၂၀၂၆ ဆီမီးဖိုင်နယ်မှာ​တော့ပြင်သစ် – စပိန်နဲ့ အင်ဂလန် – အာဂျင်တီးနားတို့ယှဉ်ပြိုင်ကြတော့မှာပါ။ ဒီကမ္ဘာ့ဖလားမပြီး​သေးဘူး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း​ပေါင်း ၆၄ သင်းအထိ ယှဥ်ပြိုင်ခွင့်ပြုဖို့ အဆိုကို ​သေချာ​လေ့လာ​ဆွေး​နွေးမယ်လို့ အင်ဖန်တီနိုက ဆို​နေပြန်ပါပြီ ။

၃၂ သင်းက​နေ ၄၈ သင်းယှဥ်ပြိုင်ခွင့်ပြုတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဟာ ပြိုင်ပွဲဝင်အသင်း​တွေရဲ့ ​ခြေစွမ်း​ကြောင့်​အောင်မြင်တယ်လို့သူက​ကြွေး​ကြော်ပါတယ်။

ပွဲကြည့်ပရိတ်သတ်စံချိန်တင်တိုးလို့ကွင်းဝင်​ကြေးအများကြီးရတာ ၊ရုပ်သံထုတ်လွှင့်ခ​တွေ ၊စပွန်ဆာ​ကြေး​တွေ မျိုးမျိုးမြတ်မြတ်ရပြီး စီးပွား​ရေးအရတွက်​ခြေကိုက်တာကို​တော့ သူမ​ပြောပါဘူး ။လက်​တွေ့မှာ​တော့ ဖီဖာက စီးပွား​ရေး​သောင်းကျန်းပြီး ရုပ်သံထုတ်လွှင့်ခွင့်​တွေ ကန့်သတ်လွန်းတာကြာင့် ဆင်းရဲတဲ့နိုင်ငံက ပြည်သူ​တွေမှာ ပွဲပြီး Highlights ကြည့်ဖို့​တောင် ပိုခက်လာပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားကို အိမ်ရှင် စံချိန်တင် ၆ နိုင်ငံမှာ ကျင်းပဖို့စီစဥ်ခဲ့တာလည်း အင်ဖန်တီနိုပဲဖြစ်ပါတယ် ။၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား​အိမ်ရှင်​တွေကို​တော့ဆပ်ဘလတ္တာလက်ထက် ၂၀၁၀ ကတည်းကရွေးချယ်ခဲ့တာပါ ။

၂၀၃၀ ကမ္ဘာ့ဖလားကို စပိန်၊​ပေါ်တူဂီ ၊​မော်ရိုကို သုံးနိုင်ငံပူးတွဲကျင်းပမယ့်အပြင် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ(၁၉၃၀ ဥရု​ဂွေးကမ္ဘာ့ဖလား) နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဥရု​ဂွေး ၊အာဂျင်တီးနား၊ပါရာ​ဂွေး နိုင်ငံ​တွေမှာအဖွင့် ၁ ပွဲစီကျင်းပဦးမှာပါ။ဒါ​ကြောင့်မို့ အိမ်ရှင် စံချိန်တင် ၆ နိုင်ငံလုပ်မယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆၄ သင်းအထိကန်ခိုင်းဖို့ ကြံစည်​လာပြန်တာဖြစ်ပါတယ် ။ ကမ္ဘာ့ဖလားဟာ ဥ​ရောပ နဲ့ ​တောင်အ​မေရိကအတွက်ပဲ မဟုတ်ပဲ ကမ္ဘာတစ်ဝန်းကနိုင်ငံငယ်​တွေ ပါဝင်နိုင်​အောင်အခွင့်အ​ရေး ပိုပေး​သင့်တယ်လို့ အင်ဖန်တီနိုက စကားလုံးလှလှ​လေး​တွေနဲ့ အ​ကြောင်းပြထားပါတယ် ။

ဒါ​ပေမယ့် ​နောက်ကွယ်မှာ​တော့ကွင်းဝင်​ကြေး၊ရုပ်သံထုတ်လွှင့်ခ ၊စပွန်ဆာစတဲ့ဘဏ္ဍာ​ရေး အကျိုးအမြတ် များလာနိုင်တာ နဲ့ နိုင်ငံ​ရေးအကျိုးအမြတ်ပိုရလာဖို့က အဓိကဖြစ်နိုင်တယ်လို့ ကမ္ဘာ့သြဇာကြီးသတင်းဌာနကြီးအချို့က​ထောက်ပြထားပါတယ်။

ဟော…ပြောရင်းဆိုရင်းပဲသူပြုံးနေပြန်ပြီ၊သတိထားကြပါတော့။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဓာတ်ငွေ့ဘောလုံးရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ တသမတ်တည်း ရှိနေခဲ့ပြီး အရပ်ဖက် လေကြောင်း သွားလာမှုတွေကိုလည်း အဟန့်အတား ကြုံစေတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

သတင်း

မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲစဥ်များအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

သတင်း

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

နိုင်ငံတကာ

ပီလီဟာ နိုဝင်ဘာ လကုန်ပိုင်းက အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကြောင့် ဆာအိုပေါ်လိုမြို့က ဆေးရုံတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ နောက်တော့ သူအရင်က ဖြစ်ဖူးတဲ့ အူမကြီး ကင်ဆာရဲ့ ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ခံစားလာရပါတယ်။