ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring
ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး မြို့နယ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ဗကသရဲဘော် ၃ ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ် (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဇူလိုင် ၂၅ ရက်က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြား ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေဖြစ်တဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂတို့အပြင် ဒေသတွင်းမဟာမိတ်အင်အားစုတွေနဲ့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံံ-သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်


















































