Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ သမဂ္ဂရုံးခန်းစီးနင်းခံရပြီး ဗကသရဲဘော် ၃ ဦး သတ်ဖြတ်ခံရမှု (၃)နှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring

ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး မြို့နယ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ဗကသရဲဘော် ၃ ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ် (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဇူလိုင် ၂၅ ရက်က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြား ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေဖြစ်တဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂတို့အပြင် ဒေသတွင်းမဟာမိတ်အင်အားစုတွေနဲ့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံံ-သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။