သတင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် တရုတ်နိုင်ငံအလံကိုရန်ကုန်မြို့တွင်မီးရှို့ဆန္ဒပြ ပြည်တွင်းရေးကို စွက်ဖက်သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် ရန်ကုန်အခြေစိုက်တော်လှန်ညီနောင်လေးဖွဲ့က ဖိရင်ကြွမယ် ထိရင်ချမယ် စာတန်းဖြင့် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့ကြောင်း Owl Community မှ တာဝန်ရှိသူက ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း TNLA သိမ်းပိုက်အုပ်ချုပ်နေသည့် မြို့နယ် ၅ခုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ရန်ကုန်မြို့နယ် ၄ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်နီလှုပ်ရှားမှုပြုလုပ် ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ယောဒေသ ရေမျက်နီစခန်းမှ စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ရင်း ၅ရင်းစုပေါင်းတိုက်ခိုက် YRA ပြော မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024