Connect with us

Hi, what are you looking for?

သတင်း

ရေကြည် အမြောက်တပ် အမတ(၃၄၄)အနီး ညတိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သြဂုတ်-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ဒီည ၃၄၄ဘက်ကပေါက်ကွဲသံတွေ အကျယ်ကြီးကြားနေရတာ။အိမ်တွေတောင်တုန်တယ်။ ၃၄၄ အနားတင်ညဘက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာ”လို့ရေကြည်မြို့ခံတစ်ဦးက ည ၉နာရီခန့်မှာပြောပါတယ်။

သြဂုတ်လ၂၄ရက်ည ပိုင်းမှာစစ်တပ်တိုက် လေယာဉ်အချို့ ရေကြည်မြို့ဘက်ကိုဦးတည်သွားနေတာကို ဇလွန်နဲ့ ဟင်္သာတမြို့မြို့နယ်တွေကနေ မြင်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်း လမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို အာရက္ခတပ်တော် AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ကလေ ကြောင်းကနေဗုံးကြဲခုခံနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်‌တွေကပြောပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းယူထားတဲ့ဂွမြို့ဘက်ကို စစ်တပ်စစ်ကြောင်းတွေက ဧရာဝတီတိုင်းဘက်ကတဆင့်ဝင်ရောက်လာတဲ့ ပြီးခဲ့တဲ့ဇွန်လကစပြီးတိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တာပါ။ ဇွန်လနဲ့ ဇူလိုင်လဆန်းကတိုက်ပွဲတွေမှာ ရေကြည်မြို့နယ်ထဲကစစ်တပ်စခန်းတွေကိုအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူခဲ့ပါတယ်။

ဇွန်လကတိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲကပွိုင့်(၂၈၈)ကုန်း၊ပွိုင့်(၁၈၈)ကုန်းနဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက ဇူလိုင် ၄ ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အမြောက်တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်းတပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီး နေရာယူထားတယ်လို့လည်းသတိပေးထားပါတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်တပ်ကဂျက်ဖိုက်တာ၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ဆက်တိုက်ဗုံးကြဲပစ်ခတ်နေတယ်လို့ ပြီးခဲ့တဲ့ဇူလိုင် ၇ရက်မှာ AAက ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

ရေကြည်မြို့နယ်မှာ လက်ရှိမှာကာလအတွင်း ရေဘေးကြုံတွေ့နေတာဖြစ်ပြီး ဒေသခံတွေဟာ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်မှုတွေရှိကြပါတယ်။

ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီးလေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေတက်နေလို့ ယခင်က မကြုံဖူးတဲ့ရေဘေးမျိုးကိုကြုံတွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်က လေးမျက်နှာမြို့နယ်ထဲကိုလည်း လေကြောင်းက​နေဗုံးကြဲ​ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီ ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။