Connect with us

Hi, what are you looking for?

သတင်း

TNLA သိမ်းပိုက်အုပ်ချုပ်နေသည့် မြို့နယ် ၅ခုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

မန်တုံမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၃ရက် ညပိုင်းတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA

မန်တုံမြို့တွင် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး နေအိမ် ဖျက်ဆီးမှု၊ လက်ဖက်စက်ရုံထိခိုက်မှုများ ရှိခဲ့သည်ဟု အသိပေးသည်။

ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို TNLAက သွားရောက်ရှင်းလင်းခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီ ယခု လေကြောင်းတိုက်ခိုက်ခဲ့သည်ဆိုသော မြို့နယ် ၅ခုအနက် ကွတ်ခိုင်၊ နမ့်ဆန်နှင့် မန်တုံမြို့များသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် TNLAကသိမ်းပိုက်ထားသည့်

မြို့များဖြစ်ပြီး သီပေါနှင့်ကျောက်မဲမြို့သည် ဇွန်လ ၂၅ရက်က စတင်ခဲ့သည့် စစ်ဆင်ရေးဒုတိယပိုင်းအတွင်း သိမ်းနိုင်ခဲ့သည့် မြို့များဖြစ်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA

တအာင်းဒေသအပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းသိမ်းထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်း အသုံးပြု တိုက်ခိုက်နေမှုကိုတအာင်းအရပ်ဘက်အဖွဲ့များက ဩဂုတ် ၂၀ရက်တွင် သဘောထားထုတ်ပြန် ကန့်ကွက်ထားသည်။

တအာင်းအရပ်ဘက်အဖွဲ့များ၏ မှတ်တမ်းများအရ သိန္နီမြို့နယ်တွင် ဇူလိုင်အတွင်း လေကြောင်း တိုက်ခိုက်မှု ကြောင့် ပြည်သူ ၂ဦးသေဆုံး၊ ၂၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကွတ်ခိုင်တွင် ဇူလိုင်၅ရက်မှ ဩဂုတ် ၇ရက်အတွင်း စစ် ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ဦး သေဆုံးကာ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။ယင်းမြို့နယ် ၂ခုအနက် သိန္နီမြို့သည် MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

မန်တုံမြို့နယ်တွင် ဩဂုတ် ၁၃ရက်က လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊နမ့်ဆန်တွင် ဩဂုတ် ၁၂ရက်မှ ၁၆ရက်အတွင်း လေကြောင်းတိုက်ခိုက်၍ ရှေ့နေ တစ်ဦးကျဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA

နမ့်ဆန်မြို့တွင် ဩဂုတ် ၁၆ရက်က လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကျောက်မဲမြို့တွင် ဩဂုတ် ၁၆ရက် လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း တအာင်းအရပ်ဘက်အဖွဲ့များက အသိပေးထားသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရှမ်းမြောက် ဒေသများသာမက နိုင်ငံအနှံ့တွင် လေကြောင်း အသုံးပြုကာ ပြည်သူကို ဦးတည်တိုက်ခိုက်နေကြောင်း တအာင်းအရပ်ဘက်အဖွဲ့များက ဖော်ပြခဲ့ပြီး စစ်ကောင်စီ၏ လူသားမဆန်သည့် လုပ်ဆောင်ချက်များအပေါ် ရပ်တန့်နိုင်ရေး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖိအားပေးရန်၊ ပိတ်ဆို့မှုများ ပြုလုပ်ရန်၊ စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်မှန်သမျှ ဆန့်ကျင် ကန့်ကွက်ရန်၊ တော်လှန်ရေးအဖွဲ့များကို ထိရောက်စွာ ကူညီရန်နှင့် စစ်ဘေးသင့် ပြည်သူများကို လူသားချင်းစာနာမှုအကူအညီများ ပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook