Connect with us

Hi, what are you looking for?

အတွေးအမြင်

မြေရှား ကျိန်ဇာသင့်နေသော မြန်မာ

ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။

ကိုပါဝဲလ်​ရေးသားသည်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။

သို့သော်ဤသတ္တုများ၏ နောက်ကွယ်တွင် ဝမ်းနည်းဖွယ်ရာအမှန်တရားတခုရှိနေသည်။ ထိုအမှန်တရားမှာ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများတွင် တူးဖော်နေသည့် ရှားပါးသတ္တုများသည် ပတ်ဝန်းကျင်ကို အဆိပ်သင့်စေပြီး၊ စစ်ပွဲအတွင်းနစ်မွန်းနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးနေခြင်းပင်ဖြစ်သည်။

ကမ္ဘာမြေကို ကာကွယ်ရန်အတွက် သန့်ရှင်းသောစွမ်းအင်ကို ရှာဖွေနေချိန်တွင်၊ အဆိုပါသတ္တုများကို တူးဖော်သည့်လုပ်ငန်းစဉ်က မြန်မာနိုင်ငံ၏ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ရစရာမရှိအောင် ဖျက်ဆီးနေပါသည်။ သန့်ရှင်းသောစွမ်းအင်ရဖို့ အကြောင်းပြပြီး မြေရှားကို စည်းမဲ့ကမ့်မဲ့တူးဖော်သည့် ပတ်ဝန်းကျင်ရှိ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်ခြင်းသည် မဖြစ်ထိုက်ချေ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးရေး၊ အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများမှာလုံးဝပျောက်ကွယ်သွားခဲ့သည်။ ကချင်နှင့် ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသများသည် တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ မြေရှားသတ္တုများ တူးဖော်သည့် နယ်မြေများ ဖြစ်လာခဲ့သည်။

ယခုဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ သာမကတော့ပဲ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော် အနီးတဝိုက်များမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေရေးများပင် လုပ်ဆောင်နေကြပြီဟု သိရှိရပါသည်။

စစ်အာဏာရှင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်ရေးစရိတ်ရရှိရန်အတွက် မြေရှားသတ္တုအပါအဝင်တခြားသယံဇာတများကို လွန်လွန်ကျူးကျူး ထုတ်ယူအသုံးပြုနေကြသည်။ တူးဖော်သူများသည် တောင်စောင်းများကို တူးဆွပြီး အက်စစ်ဓာတ်ပြင်းသော ဓာတုပစ္စည်းများကို မြေကြီးထဲသို့ ထိုးသွင်းကာသတ္တုများကို ထုတ်ယူကြသည်။

မြေရှားတူးဖော်သည့် လုပ်ငန်းစဥ်သည် မြေဆီလွှာကို အဆိပ်သင့်စေရုံသာမက၊ မြစ်ရေထဲသို့ ဓာတုစွန့်ပစ်ပစ္စည်းများ စီးဝင်စေကာ ရေအရင်းအမြစ်များကို အမြဲတမ်း ပျက်စီးစေသည်။ဒေသခံပြည်သူများသည်၎င်းတို့၏ စိုက်ပျိုးမြေနှင့် သောက်သုံးရေကို ဆုံးရှုံးနေရပြီး၊ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်နေကြရသည်။

ဤပြဿနာသည် ဒေသတွင်းတင်မကဘဲ နယ်စပ်ကိုကျော်လွန်၍ အိမ်နီးချင်း ထိုင်းနိုင်ငံအထိ ပျံ့နှံ့နေသည်။ကော့မြစ် နှင့် မဲခေါင်မြစ်အတွင်းသို့ စီးဝင်နေသော အဆိပ်အတောက်များသည် သိန်းနှင့်ချီသောလူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေသည်။

စီးပွားရေးသမားများနှင့် လက်နက်ကိုင်များအတွက် မြေရှားသတ္တုများသည် ငွေကြေးထောင်ချောက်တခု ဖြစ်သော်လည်း၊ မြန်မာနှင့် တရုတ်နယ်စပ်တလျှောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒေသခံလူထုအတွက်မူ ၎င်းတို့နေထိုင်ရာနယ်မြေမှာ ယဇ်ပူဇော်ခံနယ်မြေ (Sacrifice Zone) အဖြစ် ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် မြေရှားသတ္တုများ၏ ဇစ်မြစ်ကို ပြန်လည်စစ်ဆေးရန်မှာ အရေးတကြီး လိုအပ်နေသည်။ နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ ကုန်ပစ္စည်းထုတ်လုပ်မှုတွင် အသုံးပြုနေသည့်သတ္တုများသည်မည်သည့်နေရာမှ လာသည်၊မည်သို့သောအခြေအနေမျိုးတွင် တူးဖော်သည်ကိုတာဝန်ခံမှုရှိရန်လိုအပ်သည်။

မြေရှားသတ္တုများ တူးဖော်မှုသည် တရားမဝင်၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေပါက၊ ယင်းကို အသုံးပြုခြင်းသည် စိမ်းလန်းသော အနာဂတ်အတွက် တည်ဆောက်ခြင်းဟု မဆိုနိုင်ပေ။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသများမှ သယံဇာတများ ထုတ်ယူမှုကို တားဆီးရန်နှင့် တာဝန်ခံမှုရှိသော ထောက်ပံ့ရေးကွင်းဆက်ကို ဖန်တီးရန် လိုအပ်သည်။

သန့်ရှင်း​သောစွမ်းအင်ထုတ်ရန်အ​ကြောင်းပြပြီး ကမ္ဘာ့အခြားဒေသတခုကို ပျက်စီးစေခြင်းမှာ မည်သို့မျှမသင့်လျော်ပါ။ မြန်မာနိုင်ငံ၏ တောတောင်ရေမြေများ ပြန်လည်ရှင်သန်နိုင်ရေး နှင့် ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်းမှုများကို ကာကွယ်ရန်မှာ အဓိကထုတ်ယူ​နေ​သော တရုတ်နိုင်ငံ နှင့် ​တရုတ်ထံမှမြေရှားဝယ်ယူသုံးစွဲ​နေ​​သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၏ အဓိက တာဝန်ပင်ဖြစ်သည်။

ကိုးကား – Global Witness ၏ အစီရင်ခံစာ

ဆက်စပ်သတင်းများ

ဆောင်းပါး

မြေရှား (Rare Earth Elements – REEs) ဆိုပေမယ့် တကယ်တော့ “အရမ်းရှားပါးတဲ့ သတ္တု” ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြေသားထဲမှာ တွေ့ရနိုင်ပေမယ့် စီးပွားဖြစ်ထုတ်ယူ နိုင်လောက်အောင် စုစည်းနေတဲ့ သတ္တုသိုက်တွေကသာ ရှားပြီး ခွဲထုတ်သန့်စင်ဖို့ ခက်ခဲတာက "မြေရှား"ရဲ့ အဓိကပြဿနာပါ။

သတင်း

"တရုတ်နိုင်ငံက အရမ်းအင်အားကြီးနေပြီ၊ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး" ဆိုတဲ့ အမြင်ဟာ ဒီနေ့ကမ္ဘာမှာအတော်လေးကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ရေး နိုင်ငံ၊ နည်းပညာနဲ့ စစ်အင်အား ကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ရင် အဲဒီအမြင်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Facebook