Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

အလင်းဝင်ဒုတပ်ကြပ်အား တွေ့ရစဥ်။ဓာတ်ပုံ-တန့်ဆည်ပကဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

တန့်ဆည်မြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးသည် MA 1 တစ်လက်နှင့် ကျည်များယူဆောင်လာကာ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ပကဖက ယနေ့(စက်တင်ဘာ ၄ ရက်) အသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသော ဒုတပ်ကြပ်အား ကျပ်သိန်း ၅၀ဆုချီးမြင့်ခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း တန့်ဆည်ပကဖက ထပ်မံအသိပေးသည်။

အလင်းဝင်လာသော ဒုတပ်ကြပ်နှင့်ပတ်သက်၍ တန့်ဆည်ပကဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၀ရက်ကလည်း တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း (၂)ပူးပေါင်းအဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား ဆက်လက်တော်လှန်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။