Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်း‌ရေး ဝင်​ရောက်စွက်ဖက်သည့် တရုတ်နိုင်ငံအလံကိုရန်ကုန်မြို့တွင်မီးရှို့ဆန္ဒပြ

ပြည်တွင်း‌ရေးကို စွက်ဖက်သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် ရန်ကုန်အခြေစိုက်တော်လှန်ညီနောင်လေးဖွဲ့က ဖိရင်ကြွမယ် ထိရင်ချမယ် စာတန်းဖြင့် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့ကြောင်း Owl Community မှ တာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

ပြည်တွင်း‌ရေးကို စွက်ဖက်သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် ရန်ကုန်အခြေစိုက်တော်လှန်ညီနောင်လေးဖွဲ့က ဖိရင်ကြွမယ် ထိရင်ချမယ် စာတန်းဖြင့် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့ကြောင်း Owl Community မှ တာဝန်ရှိသူက ပြောသည်။

“တရုတ်ရဲ့ TNLAဆီ ပို့တဲ့ ခြိမ်းခြောက်စာအပေါ် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့အနေနဲ့ ပြည်သူ့ကိုယ်စား သဘောထား တုံ့ပြန်တဲ့အနေနဲ့ အာဏာဖီဆန် တော်လှန်ပုန်ကန်တဲ့ အနေနဲ့ လုပ်တာပါဗျ” ဟု ယင်းလှုပ်ရှားမှုနှင့်ပတ်သက်၍ ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလှုပ်ရှားမှုကို စက်တင်ဘာ ၄ရက်တွင် ရန်ကုန်မြို့တစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Owl Community နှင့်အတူ MayangoneDemocraticFront -MDF၊ LinnYaungNiYouthOrganization-LYNYO နှင့် KyimyindaingNetworks- KMD18 တို့ ပူးပေါင်းပါဝင်ခဲ့သည်။

လှုပ်ရှားမှုအနေဖြင့် တရုတ်အလံကို မီးရှို့ခြင်း ၊ တအာင်းတပ်မတော်(TNLA)ကို ခြိမ်းခြောက်ခဲ့သည့် စာမိတ္တူကို မီးရှို့ခြင်းနှင့် တရုတ်ခေါင်းဆောင်များ၏ ပုံများကို ခြေဖြင့်နင်းသည့် လှူပ်ရှားမှုများပြုလုပ်ခဲ့သေးသည်။

“လက်ရှိတော်လှန်ရေး ယခုအခြေအနေအထိရောက်အောင် ကျွန်ုပ်တို့နိုင်ငံသားတွေရဲ့ သွေးနဲ့ချွေးနဲ့ ရင်းနှီးချီတက်ခဲ့ကြခြင်းဖြစ်တယ်။ ကျွန်ုပ်တို့အနာဂတ် ကျွန်ုပ်တို့ပိုင်တယ်။ ထပ်ပြောမယ်..ကျွန်ုပ်တို့နိုင်ငံအနာဂတ် ကျွန်ုပ်တို့ကိုယ်တိုင်ဖန်တီးနေတယ် ၊ လာမဖိနဲ့အနိုင်မကျင့်နဲ့။ မကူညီချင်နေမနှောင့်ယှက်ပါနဲ့။”ဟု တော်လှန်ညီနောင် လေးဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။