သတင်း မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲပြော အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။ LuduNwayOoဇူလိုင် 20, 2023
သတင်း ဆောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးသေဟု PDF စစ်ရုံးချုပ် ထုတ်ပြန် ဇူလိုင် ၁၄ရက်မှ ၁၇ရက်အတွင်း ဆောမြို့နယ်ရှိ မြင်းကာတောင်၊ကြိမ်ချောင်းလမ်းခွဲနှင့် နဂါးမောက်ခြံတောင်ပေါ်များ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 20, 2023
နိုင်ငံတကာ ကောက်ပဲသီးနှံ တင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းပြီးတဲ့နောက် ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို ရုရှားတိုက်ခိုက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းစီဟာ ယူကရိန်းကိုသာ မကဘဲ ကမ္ဘာတလွှားက ငတ်မွတ်မှု အန္တရာယ် ကြီးကြီးမားမား ခြိမ်းခြောက်ခံနေရသူတွေကိုပါ ထိမှန်ခဲ့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။ LuduNwayOoဇူလိုင် 20, 2023
နိုင်ငံတကာ အဖမ်းခံရနိုင်တဲ့ အခြေအနေ ရှိတာကြောင့် တောင်အာဖရိကမှာ အစည်းအဝေး သွားမတက်ဖို့ ပူတင်ဆုံးဖြတ် နောက်ဆုံးမှာတော့ ရုရှားက ပူတင်ဟာ အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ တောင်အာဖရိကဆီ ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဥပဒေရေးရာ ဘေးကျပ်နံကျပ် အခြေအနေကနေ အိမ်ရှင်နိုင်ငံ အနေနဲ့ လွတ်မြောက်သွားတဲ့ သဘောပါပဲ။ LuduNwayOoဇူလိုင် 20, 2023
သတင်း ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် cအပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံး လက်နက်ကြီးကျည်များသည် ခင်ဦးမြို့နယ်ရှိ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ကာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ခန့် အမျိုးသား တစ်တို့ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 20, 2023