Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့ ညီညွတ်စွာနဲ့တော်လှန်ရေးဆက်ဆင်နွှဲရမယ်လို့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူးပြော

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

(ကရင့်အာဇာနည်နေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား။ ဓာတ်ပုံ − KNU)

ဩဂုတ် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်မှာ ဩဂုတ် ၁၂ရက်က ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းရာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုကြောင်း ပြောကြားကာ အထက်ပါအတိုင်း အသိပေးခဲ့တာပါ။

လွတ်လပ်ရေး ကရင်လူမျိုးအခွင့်အရေး နဲ့ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးတို့အတွက် အသက်ပေးခဲ့သော ကရင်ရဲ‌ဘော်များ၊ ကရင်ခေါင်းဆောင်များနဲ့ ကရင် ပြည်သူ့ များ အာဇာနည်များကို ဂုဏ်ပြုအလေးပြုအပ်ကြောင်းနဲ့ အာဇာနည်များအတွက် လွတ်လပ်ရေးဟာ သူတို့ရဲ့ အသက်ထက်ပင် ပိုတန်ဖိုးထားကြကြောင်းပဒိုစောအယ်နားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လွတ်လပ်ရေးအတွက် ၎င်းတို့၏ အသက်ပေးလှူခဲ့ကြခြင်း ကို ကျွန်ုပ်တို့ မမေ့နိုင်ပါ” လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ဒါ့အပြင် ကရင်တော်လှန်ရေးနဲ့အတူ ပူးပေါင်းတိုက်ပွဲ ဝင်ရင်း အသက်ပေးလှူခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ အရပ်သားပြည်သူများအား လေးစားဂုဏ်ပြုကြောင်းလည်း ပဒိုစောအယ်နားက ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်မှာ မနေ့က ကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို KNU အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ဒဏ်ရာရ ရဲဘော်တွေကို ဆုငွေပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook