Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲပြော

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။

MI-6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်
MI-6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်

မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေတဲ့ ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးဌာန MI6ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

MI6ဟာ ဗြိတိန် အစိုးရအတွက် နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဌာန ဖြစ်ပါတယ်။ မြန်မာလိုမျိုး နှစ်လိုစရာ၊ အံ့ဩစရာ နိုင်ငံတစ်ခုမှာ လက်ရှိ ကြုံနေရတဲ့ အခြေအနေတွေ တုန်လှုပ်စရာ ကောင်းလွန်းနေတယ်လို့ MI6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်က ပြောပါတယ်။ တရုတ်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို ခိုင်ခိုင်မာမာ ဆက်လက် အားပေး ထောက်ခံနေတာကြောင့်လည်း အခုလိုတွေ ကြုံနေရတာ ဖြစ်တယ်လို့ သူက ချက်နိုင်ငံ၊ ပရက်ဂ်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရောက်ရှိခဲ့ဖူးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ဆိုးရွားပြီး ကြေကွဲစရာ ဖြစ်နေကြောင်း၊ ပြောရမယ်ဆိုရင် စစ်တပ်ကို အဓိက အားပေးနေတဲ့ တရုတ်မှာလည်း အခုလို အနေအထားအတွက် တာဝန်ရှိနေကြောင်း မိုးရ်က စွပ်စွဲ ဝေဖန်သွားပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။ မေလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အခုအခါ နေ့တိုင်းလိုလို ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ထူပြောနေပြီး လူပေါင်း ၁.၇ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ စစ်တပ်ဟာ လက်နက်ကိုင် ခုခံမှုတွေကို ဖြိုခွင်းဖို့ ကြိုးစားရမှာ အရပ်သား ပြည်သူတွေ၊ လူနေ ဧရိယာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပါတယ်။

ကိုးကား-Sky News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။