Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲပြော

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။

MI-6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်
MI-6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်

မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေတဲ့ ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးဌာန MI6ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

MI6ဟာ ဗြိတိန် အစိုးရအတွက် နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဌာန ဖြစ်ပါတယ်။ မြန်မာလိုမျိုး နှစ်လိုစရာ၊ အံ့ဩစရာ နိုင်ငံတစ်ခုမှာ လက်ရှိ ကြုံနေရတဲ့ အခြေအနေတွေ တုန်လှုပ်စရာ ကောင်းလွန်းနေတယ်လို့ MI6 အကြီးအကဲ ဆာရစ်ချတ်မိုးရ်က ပြောပါတယ်။ တရုတ်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို ခိုင်ခိုင်မာမာ ဆက်လက် အားပေး ထောက်ခံနေတာကြောင့်လည်း အခုလိုတွေ ကြုံနေရတာ ဖြစ်တယ်လို့ သူက ချက်နိုင်ငံ၊ ပရက်ဂ်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရောက်ရှိခဲ့ဖူးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ဆိုးရွားပြီး ကြေကွဲစရာ ဖြစ်နေကြောင်း၊ ပြောရမယ်ဆိုရင် စစ်တပ်ကို အဓိက အားပေးနေတဲ့ တရုတ်မှာလည်း အခုလို အနေအထားအတွက် တာဝန်ရှိနေကြောင်း မိုးရ်က စွပ်စွဲ ဝေဖန်သွားပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။ မေလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အခုအခါ နေ့တိုင်းလိုလို ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ထူပြောနေပြီး လူပေါင်း ၁.၇ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ စစ်တပ်ဟာ လက်နက်ကိုင် ခုခံမှုတွေကို ဖြိုခွင်းဖို့ ကြိုးစားရမှာ အရပ်သား ပြည်သူတွေ၊ လူနေ ဧရိယာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပါတယ်။

ကိုးကား-Sky News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။